သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 19 March 2013

မျက်စိ ဝေဒနာရှင်များ အခမဲ့ ခွဲစိတ် ကုသရန်နှင့် အလှူငွေ ပေးအပ်ပွဲ မုံရွာမြို့၌ ကျင်းပ


 မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မျက်စိ ဝေဒနာ ရှင်များအား အခမဲ့ ခွဲစိတ် ကုသရန် အလှူငွေ ပေးအပ်ပွဲကို မုံရွာမြို့ ပြည် သူ့ ဆေးရုံကြီး ရှင်းလင်းဆောင်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မြမြ တက်ရောက် အမှာစကား ပြောကြားသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာ မြင့်သိန်းက ''မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် အစီအစဉ်ဖြင့် ဆောင်ရွက်သော မျက်စိခွဲစိတ် ကုသ ပေးပွဲတွင် တိုင်းဒေသကြီး အတွင်းရှိ မျက်စိဝေဒနာ ရှင်များ ဖြစ်သော အတွင်းတိမ် ဝေဒနာရှင် ၃၁ ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် မျက်စိ ဝေဒနာ ရှင်များ၊ ဒေသခံ ပြည်သူများ ကိုယ်စား များစွာ ကျေးဇူးတင်ရှိ ပါကြောင်း'' စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မြမြနှင့် အဖွဲ့ဝင် များက ခွဲစိတ်ပြီး လူနာများအား နေကာ မျက်မှန်များ တပ်ဆင်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ယခု ကျင်းပသော အလှူငွေ ပေးအပ်ပွဲတွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်နှင့် တိုင်းဒေသကြီး အမျိုးသမီး ရေးရာ အဖွဲ့နှင့် ဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ များမှ စုပေါင်း လှူဒါန်းမှုမှာ ငွေကျပ် ၅၅ သိန်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်