သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 25 March 2013

ကောလာဟလများကို မယုံရန် တာဝန်ရှိသူများ ပြောကြား


မိတ္ထီလာမြို့ပေါ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများမှာ ယခုအခါ တည်ငြိမ်သွားပြီဖြစ်သော်လည်း ရန်ကုန် အပါအ၀င် အချို့မြို့ကြီးများ၌ ဆူပူမှုကို ဖြစ်ပေါ်စေရန် ကောလာဟလများ ဖြစ်ပေါ်နေမှုအပေါ် မ ယုံကြည်ကြ ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ၀ိုင်းဝန်းဆောင် ရွက်နေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောသည်။


"မသင်္ကာတာရှိရင် သက်ဆိုင်ရာကို ချက်ချင်းသတင်းပို့ကြဖို့။ မီဒီယာတွေအနေနဲ့လည်း သတင်းရေးသား ရာမှာ ပိုပြီး တာဝန်ယူပြီး ရေးသားကြဖို့၊ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေကလည်း အချင်းချင်း ထိတွေ့ ဆက်ဆံပြီး ကောလာဟလကြားရင် ချက်ချင်းဖြေရှင်းဖို့၊ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုပါ တယ်"ဟု ၎င်းကတိုက်တွန်းပြောကြားထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ အပါအ၀င် အချို့သော မြို့နယ်များ၌ ဆူပူမှုကို အစပျိုးဖန်တီး သည့် ကောလာဟလများ ထွက်ပေါ်နေပြီး မြို့နေ ပြည်သူတို့မှာ စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ယခုကဲ့သို့ ကောလာဟလသတင်းများအပေါ် မယုံကြည်ကြရန်နှင့် နယ်မြေတည်ငြိမ်အေး ချမ်းစေ ရန် လုံခြုံရေးကိုလည်း တိုးမြှင့်ထားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအ ဖွဲ့နှင့် မြန်မာနိုင် ငံရဲတပ် ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ဦးရဲထွဋ်ကပြောသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ စဥ့်ကိုင်မြို့နယ်နှင့် မန္တလေးမြို့ပေါ် အောင်မြေ သာစံမြို့နယ်များ တွင်လည်း ယမန်နေ့ညက ကောလာဟလများ ထွက်ပေါ်ခဲ့ရာ မြို့နယ်အလိုက် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ ၀င် များ သွားရောက်စစ်ဆေးခဲ့ကြောင်း မည်သည့်အရာမှ မဖြစ်ပွားဘဲ အေးဆေး တည်ငြိမ်မှု ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးငြိမ်းကပြောသည်။
"ကောလာဟလတွေကို မယုံကြည်ကြပါနဲ့ သေချာစဉ်းစားပြီးမှ ယုံပါ"ဟု ရဲမှူးကပြောသည်။

မန္တလေးမြို့တွင်လည်း အေးဆေးတည်ငြိမ်စွာ ရှိနေကြောင်း မည်သည့်ကောလာဟလကိုမျှ မယုံကြည်ကြ ရန် ရဲမှူးကတိုက်တွန်းသည်။

From:7day

www.mmdailystar.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်