သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 26 March 2013

ဆူပူမှုများ ဖြစ်စေရန် သွေးထိုးပေးနေသာ Freedom News Group မည်သူ ဆိုသည်ကို ဖော်ထုတ်လိုက်ပြီ


အိုင်တီပညာရှင်များ ပါဝင်သော အထူးအဖွဲ့မှ မြန်မာနိုင်ငံတွင် ဆူပူ အကြမ်းဖက်မှုများ လှုံ့ဆော်ဆောင်ရွက်နေသော Freedom News Group အမည်ရှိ facebook page တစ်ခုအား လိုက်လံထောက်လှမ်းရှာဖွေလျက် ရှိရာ ယနေ့ အတိအကျ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်.....

ဂိတ်ဝေး တွင် စိစစ်ချက်အရ FNG ဟူသော ဆူပူအကြမ်းဖက်မှုများ လှုံ့ဆော် လျက်ရှိသည့် အကောင့်မှာ အမေ၇ိကန်အခြေစိုက် သတင်းထောက်တစ်ဦး ပုံစံ ဟန်ဆောင်ထားသော Page တစ်ခု ဖြစ်သော်လည်း ၄င်းမှာ ပြည်တွင်းမှ M3Wi ပိုင်ရှင် မေဇင်အေး-ခွန်ဒီးယမ်-ဒီမိုဖက်တီးဖြစ်ကြောင်း သိရှိရသည်....

၎င်းအပြင် Myanmar World Distribution မှ ခင်အေးဝင်း၊ ခင်စန်းဝင်း ညီအစ်မ(၂)ယောက်သည်လည်း မေဇင်အေးနှင့်အတူ ချိတ်ဆက်ကာ လူပေါင်းများစွာ အသုံးပြုနေသယောင် လှုံ့ဆော်နေကြောင်း၊ ၄င်းနှင့်အတူ အပါတ်စဉ်(၄၈)မှ အရာရှိငယ်တစ်ဦးအား ဖျားယောင်းသွေးဆောင်ကာ ဒီမိုကရေစီအမည်ခံထားသော ခင်ကလျာစိုးသည်လည်း အွန်လိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် အုပ်စုဖွဲ့ တိုက်ခိုက်မှုများ ဖြစ်လာစေရန် အကောင့် အမည် အမျိုးမျိုးဖြင့် သွေးထိုးပေးလျက် ရှိကြောင်း သိရှိရသည်..
 
မေဇင်အေးသည် အစိုးရနှင့် NLD အကြား၊ တပ်မတော်နှင့် တိုင်းရင်းသားများ အကြား၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်များအကြား၊ ပြည်တွင်းနေနှင့် ပြည်ပရောက်များအကြား ပြဿနာများ မဖြစ် ဖြစ်လာအောင် အမျိုးမျိုး လှုံ့ဆော်လျက် ရှိကြောင်း၊ ထိုသို့ လှုံ့ဆော်ရာတွင် NLD ၏ အွန်လိုင်းပြန်ကြားရေးတာဝန်ခံတစ်ဦးသဖွယ် ပြုမူ ဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွက် လွန်စွာကြီးမားလှသော ပဋိပက္ခများကို ဖန်တီးနေခြင်း ဖြစ်သည်...

"ဒီမိုဖက်တီးတို့ ခွန်ဒီးယမ်တို့ဆိုတာ ဘယ်သူဖြစ်တယ်ဆိုတာကို အွန်လိုင်း သုံးနေတဲ့သူတွေ အကုန်သိတယ်....ဒီလိုမျိုး တိုင်းပြည်မတည်ငြိမ်အောင် လုပ်ဆောင်နေတဲ့ အွန်လိုင်းအဖျက်သမားတွေကို နိုင်ငံတော်အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ဖမ်းဆီး အရေးယူတာတွေ လုပ်ဖို့ကောင်းပြီ လို့ ကျွန်တော်တို့ကတော့ မြင်တယ်" ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်းမှ အမှုဆောင်တစ်ဦးက ပြောသည်..

ကျနော်တို့ဆီမှာ လော့အလိုက် စကင်ဖတ်ထားတာတွေ ရှိတယ်....ဒီဟာတွေအရ မေဇင်အေးဆိုတဲ့ အမျိုးသမီး ခလောက်ဆန်နေတာတွေကို ဖော်ထုတ်လို့ ရတယ်...ဘယ်လိုဥပဒေနဲ့ အရေးယူမလဲ ဆိုတာကိုပဲ မေးခွန်းထုတ်ရတော့မယ် ဟူ၍လည်း ၄င်းက ဆိုသည်...

ခွန်ဒီးယမ်၊ ဒီမိုဖက်တီး၊ Freedom News Group စသည်တို့မှာ ပြောင်ပြောင်တင်းတင်းပင် တိုင်းပြည်ပျက်စီးအောင် ဖန်တီး ဆောင်ရွက်နေကြသူများ ဖြစ်ပြီး ယင်းတို့၏ ဆောင်ရွက်ချက်များကို မကျေနပ်နိုင်သည့် လူငယ်များက ယင်းတို့အား ပြန်လည်တုံ့ပြန်သော facebook များ ထူထောင်လာကြခြင်း ဖြစ်ကြောင်း သိရှိရသည်....

သတင်းထောက်တစ်ဦးကလည်း "အခု ဖြစ်နေတာက ဘာဖြစ်လို့ ဘာဖြစ်မှန်းကို မသိတော့ဘူး...ကောလဟာလတွေကလဲ အမျိုးမျိုး ထွက်နေတာ...မြန်မာနိုင်ငံမှာ facebook အသုံးမပြုနိုင်အောင် ပိတ်ပစ်တာက အကောင်းဆုံး ဖြစ်မယ်လို့တောင် ကျနော်တို့ ထင်မိတယ်" ဟု ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြောကြားသည်...

မေဇင်အေး ဆိုတာ လေဒီး ဂျာနယ် လုပ်နေတာ ... သူ့ဟာသူ မှန်လား မမှန်လား မသိ..ထည့်ချင်ရာထည့်နေတာ...ကျင့်ဝတ်ဆိုတာလဲ နကန်းမှ နားလည်တဲ့သူ မဟုတ်ဘူး .... ငွေကြေး အထောက်အပံ့တွေ ရလို့ ဂျာနယ် ထုတ်တာက ကိစ္စ မရှိဘူး... ကြားထဲက ကျင့်ဝတ်နဲ့ညီတဲ့ သတင်းဂျာနယ်တွေပါ ရောပြီး နာမည် ပျက်ရတယ်... အခုဟာက စာပေစိစစ်ရေး ထားတာကတောင် ကောင်းမယ် ဆိုတဲ့ သဘောမျိုးတွေ ပြောလာပြီ။ ဒါက မေဇင်အေးတို့လို ကျင့်ဝတ်နားမလည် ... အလကားရတဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ မဟုတ်မမှန် သတင်းတွေ ဖြန့်ဖို့ လုပ်နေတဲ့သူတွေကြောင့် စာနယ်ဇင်းလောက တစ်ခုလုံး သိက္ခာကျရတယ် ..... ဒါ့ကြောင့် စာနယ်ဇင်း ကောင်စီအနေနဲ့ ဒီလို ကျင့်ဝတ်နဲ့ မညီတာတွေကို အရေးယူတာမျိုးတွေ ... ပြန်ကြားရေးဝန်ကြီးဌာနက ဦးရဲထွဋ်တို့အနေနဲ့ ဒီလိုမျိုး စော်ကားနေတာတွေ ကို ထိထိ ရောက်ရောက် ဒဏ်ခတ်ဖို့ အချိန်တန်ပြီ လို့ပဲ ပြောချင်တယ်... ဟု အပတ်စဉ်ထုတ် သတင်း ဂျာနယ် တစ်ခုမှ တာဝန်ခံ အယ်ဒီတာ တစ်ဦးက ပြောသည်။

PALAETOADEMO
 http://golden-land-myanmar-mm.blogspot.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်