သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 20 March 2013

ဖေ့စ်ဘွတ်ခ်သည် ယောက်ျားလေးများအား ဖြားယောင်းအနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ကြောင်း လေ့လာတွေ့ရှိ

ဖေ့စ်ဘွတ်ခ်သည် ယောက်ျားလေးများအား ဖြားယောင်းအနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ကြောင်း လေ့လာတွေ့ရှိ
Wednesday, March 20, 2013

ဖေ့စ်ဘွတ်ခ်သည် အင်တာနက်မှတစ်ဆင့် လိင်ပိုင်ဆိုင်ရာ ဖြားယောင်း အနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ပြီး အနိုင်ကျင့်ခြင်း သည် ပြင်ပနေရာများထက် အွန်လိုင်းပေါ်တွင် ပိုမိုပျံ့နှံ့ ဖြစ်ပွား
နေကြောင်း လေ့လာချက်တစ်ရပ်က ဆိုသည်။

ယင်းလေ့လာမှုကို အင်တာနက် အသုံးပြုသူများအတွက် အကြံပေး ၀က်ဘ်ဆိုက် Knowthenet က ဆယ်ကျော်သက်လူငယ်ပေါင်း၂၀၀၀
ကျော်နှင့် ဆွေးနွေးမေးမြန်းမှုများအပေါ် အခြေခံခဲ့ခြင်း ဖြစ်သည်။

ဆိုက်ဘာ အလွဲသုံးစား ပြုခံရသည်ဟုဆိုသော ဆယ်ကျော်သက်
လူငယ် ၈၇ ရာခိုင်နှုန်းခန့်သည် မာ့ခ်ဇူကာဘာ့ဂ်ထူထောင်ထားသော
ဖေ့စ်ဘွတ်ခ်ဝက်ဘ်ဆိုက်မှတစ်ဆင့် ပစ်မှတ်ထား အနိုင်ကျင့်ခံရခြင်းဖြစ်ပြီး လူငယ်ငါးပုံတစ်ပုံဝန်းကျင်သည် တွစ်တာဝက်ဘ်ဆိုက်မှတစ်ဆင့် ပစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဆိုသည်။

ယင်းသို့ မကြာခဏ အနိုင်ကျင့် အလွဲသုံးစားပြုမှု ခံရသူအများစုသည် အသက် ၁၉ နှစ်အရွယ် ယောက်ျားလေးများဖြစ်ကြသည်။

အနိုင်ကျင့်ခံရသူ ဆယ်ကျော်သက်များ၏ ၄၉ ရာခိုင်နှုန်းသည် ယင်းဝက်ဘ်ဆိုက်များအား အသုံးမပြုချိန် (အော့ဖ်လိုင်းဖြစ်နေစဉ်) အနိုင်ကျင့်ခံရပြီး ၆၅ ရာခိုင်နှုန်းသည် အွန်လိုင်းတွင်ရှိစဉ် အလွဲသုံးစားလုပ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖြားယောင်းမှုကို ကြုံတွေ့ခဲ့ဖူးသူများအနက် ၃၇ ရာခိုင်နှုန်း
သာလျှင် သက်ဆိုင်ရာ လူမှုကွန်ရက်သို့ အကြောင်းကြား ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ လူမှုကွန်ရက် ၀က်ဘ်ဆိုက် အမြောက်အမြားသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုလိုသူများအတွက် အကြိုက်တွေ့စရာ အသုံးချခံနေရာများ ဖြစ်လာကြောင်း Knowthenet က ဆိုသည်။

အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ်များ၏ ၁၃ ရာခိုင်နှုန်းခန့်သည် BlackBerry Messenger မှတစ်ဆင့် ပစ်မှတ်ထားခံရပြီး ရှစ်ရာခိုင်နှုန်းသည် Bebo မှတစ်ဆင့်နှင့် ၄ ရာခိုင်နှုန်းသည် Whatsapp မှတစ်ဆင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ၃၄ ရာခိုင်နှုန်းခန့်သည် တစ်လကျော်ကြာ
ဖြားယောင်းအနိုင်ကျင့်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။

လူငယ်အများအပြားသည် အသံတိတ်ခံစားနေရကြောင်း အနိုင်ကျင့်မှု တိုက်ဖျက်ရေးအသင်းအဖွဲ့ Beat-Bullying တည်ထောင်သူ အမ်မာဂျိန်းခရော့စ်က ပြောကြားခဲ့သည်။

မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်ဖြားယောင်းခြင်းကို 
ခုခံနိုင်မှု ပိုမိုအားနည်းသည်ဟု အချို့က ယူဆကြသော်လည်း
ယောက်ျားလေးများသည် အွန်လိုင်းမှတစ်ဆင့် ဖြားယောင်းအလွဲသုံးစားပြု ခံရနိုင်ခြေ ပိုမိုများပြားနေသည်ကို ယင်းလေ့လာမှုက ပြသနေသည်။

Ref:DailyMail
Eleven Media Group

ဖေ့စ်ဘွတ်ခ်သည် အင်တာနက်မှတစ်ဆင့် လိင်ပိုင်ဆိုင်ရာ ဖြားယောင်း အနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ပြီး အနိုင်ကျင့်ခြင်း သည် ပြင်ပနေရာများထက် အွန်လိုင်းပေါ်တွင် ပိုမိုပျံ့နှံ့ ဖြစ် ပွား နေကြောင်း လေ့လာချက်တစ်ရပ်က ဆိုသည်။
ယင်းလေ့လာမှုကို အင်တာနက် အသုံးပြုသူများအတွက် အကြံပေး ၀က်ဘ်ဆိုက် Knowthenet က ဆယ်ကျော်သက် လူငယ်ပေါင်း၂၀၀၀ ကျော်နှင့် ဆွေးနွေးမေးမြန်းမှုများအပေါ် အခြေခံ ခဲ့ခြင်း ဖြစ်သည်။

ဆိုက်ဘာ အလွဲသုံးစား ပြုခံရသည်ဟုဆိုသော ဆယ်ကျော်သက်လူငယ် ၈၇ ရာခိုင်နှုန်းခန့်သည် မာ့ခ်ဇူကာဘာ့ဂ်ထူထောင်ထားသော ဖေ့စ်ဘွတ်ခ်ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပစ်မှတ်ထား အနိုင်ကျင့်ခံ ရခြင်းဖြစ်ပြီး လူငယ်ငါးပုံတစ်ပုံဝန်းကျင်သည် တွစ်တာဝက်ဘ်ဆိုက်မှတစ်ဆင့် ပစ်မှတ်ထားခံရခြင်းဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဆိုသည်။

ယင်းသို့ မကြာခဏ အနိုင်ကျင့် အလွဲသုံးစားပြုမှု ခံရသူအများစုသည် အသက် ၁၉ နှစ် အရွယ် ယောက်ျားလေးများဖြစ်ကြသည်။

အနိုင်ကျင့်ခံရသူ ဆယ်ကျော်သက်များ၏ ၄၉ ရာခိုင်နှုန်းသည် ယင်းဝက်ဘ်ဆိုက်များအား အသုံးမပြုချိန် (အော့ဖ်လိုင်းဖြစ်နေစဉ်) အနိုင်ကျင့်ခံရပြီး ၆၅ ရာခိုင်နှုန်းသည် အွန်လိုင်းတွင်ရှိစဉ် အလွဲသုံးစား လုပ်ခံ ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ဖြားယောင်းမှုကို ကြုံတွေ့ခဲ့ဖူးသူများအနက် ၃၇ ရာခိုင်နှုန်းသာလျှင် သက်ဆိုင်ရာ လူမှုကွန်ရက်သို့ အကြောင်းကြား ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ လူမှုကွန်ရက် ၀က်ဘ်ဆိုက် အမြောက်အမြားသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား ပြုလိုသူများအတွက် အကြိုက်တွေ့စရာ အသုံးချခံနေရာများ ဖြစ်လာကြောင်း Knowthenet က ဆိုသည်။

အသက် ၁၃ နှစ်မှ ၁၉ နှစ်ကြားရှိ လူငယ်များ၏ ၁၃ ရာခိုင်နှုန်းခန့်သည် BlackBerry Messenger မှတစ်ဆင့် ပစ်မှတ်ထားခံရပြီး ရှစ်ရာခိုင်နှုန်းသည် Bebo မှတစ်ဆင့်နှင့် ၄ ရာခိုင်နှုန်းသည် Whatsapp မှတစ်ဆင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ၃၄ ရာခိုင်နှုန်းခန့်သည် တစ်လကျော်ကြာဖြားယောင်းအနိုင်ကျင့်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ကြသည်။

လူငယ်အများအပြားသည် အသံတိတ်ခံစားနေရကြောင်း အနိုင်ကျင့်မှု တိုက်ဖျက်ရေးအသင်းအဖွဲ့ Beat-Bullying တည်ထောင် သူ အမ်မာဂျိန်းခရော့စ်က ပြောကြားခဲ့သည်။

မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်ဖြားယောင်းခြင်းကို ခုခံနိုင်မှု ပိုမိုအားနည်းသည်ဟု အချို့က ယူဆကြသော်လည်းယောက်ျားလေးများသည် အွန်လိုင်းမှတစ်ဆင့် ဖြားယောင်းအလွဲသုံးစားပြု ခံရနိုင်ခြေ ပိုမိုများပြားနေသည်ကို ယင်းလေ့လာမှုက ပြသနေသည်။
www.myanmartharkaung.net
Ref:DailyMail
Eleven Media Group

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်