သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 23 March 2013

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်


ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါ် ခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်း တွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ်ဆယ်ထောက်ပံရေး လုပ်ငန်းများ ကို ဆောင် ရွက်ရန် သံင်္ယာတော်များ၊ဒေသအာဏာ ပိုင်များ နင့် မြိုခံ လူမှုရေး အဖွဲ အစည်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မိတ္ထီလာမြို့ခံ The Voice Weekly သတင်းထောက်က သတင်းပေးပိုသည်။
အရေးပေါအခြေအနေ ကြေညာပြီးနောက် မိတ္ထီလာမြို့တွင် တည်ငြိမ်အေးချမ်း မှုများပြန်လည်ရရှိစေ ရန်အ တွက် အမှတ်၇၇ ခြေမြန်တပ်မလက်အောက်ခံ တပ်ရင်းများ၊ မိတ္ထီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန် တပ်မ လက်အောက်ခံ တပ်ရင်းများ သာမက တပ်မတော် (လေ )တပ်ဖွဲဝင်များ က လုံခြုံရေး ဆောင် ရွက်ပေး လျက်ရှိသည်။
ခရိုင်အားကစားကွင်းက မွတ်စလင်ဘာသာဝင်ဒုက္ခသည်တွေကို ဘုန်းတော်ကြီးတွေက သွားရောက် အားပေး နေ တယ်။ အမိုးအကာတွေ ခုထိမရသေးဘူး၊ ရေသန့်ဗူးတွေ ဆန်အိတ်တွေ ပေးနေတယ်ဟု The Voice Weekly သတင်း ထောက်က ဆက်လက်သတင်းပေးပိုသည်။

မိထ္တီလာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများကြောင့် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း အထိ သေဆုံးသူ ၁၁ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၉ ဦးရှိကြောင်းနှင့် ပဋိပက္ခကြောင့် ပျက်ဆီးမှု အနေဖြင့် နေအိမ် ၁၅၁ လုံး၊ မော်တော်ယာဉ် ၁ စီး၊ ပညာရေးမှူးရုံး ၁ ရုံး၊ ဆိုင်ကယ် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၂ စီး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး ပျက်ဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။

From: The Voice Weekly

Credit : Here

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်