သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 31 March 2013

Windows Phone တစ်လုံးနဲ့ PC ချိတ်ဆက်ပုံ


 

ကျနော်ကတော့  ကွန်ပျုတာကို P.C ရော Laptop ရောအင်တာနက်နှင့် တိုက်ရိုက် ချိတ်သုံးတပ်ပြီး
တစ်ခါမှ ဖုန်းနှင့် ကွန်ပျူတာချိတ်သုံးဘူး ခြင်းမရှိဘူးသေးသလို ကိုယ်တိုင်လည်း အတွေ့ ကြုံမရှိဘူးသေးတာ အမှန်ပါ ။ဘာပဲဖြစ်ဖြစ် ပညာတစ်ခုဆိုတာ တစ်နေ့ တစ်ထောင့် တစ်နေရာမှာ
အသုံးဝင်မယ်ဆိုတာ ဧကန်မလွဲပါ ထိုကြောင့် နည်းပညာသတင်းလေးလိုက်ဖတ်ယင်း ဒီနည်းပညာကလေး
တွေ့ လို့ ကူးယူဝေမျှတင်ပြလိုက်ပါတယ်...သိပြီးတဲ့ လူတွေ အတွက်တော့  မထူးဆန်းပေမဲ့  တစ်ကယ်မသိသေးတဲ့  လူတွေအတွက် ကောင်းမယ်လို့ ထင်ပါတယ်...
အကယ်၍ မိတ်ဆွေတို့ မှ ထိုအကြောင်းအရာ အောင်မြင်မှု့  တစ်စုံတစ်ရာ မရှိရှိပါက၄င်း ။ရှိပါက၄င်း
စီဘောက်သို့  ကွန့် မက်မှာ ။စာကလေးရေးခဲ့ ပါ ကျနော်နှင့် အတူ နောက်လူတွေလည်း သိရတာပေါ့ 
 ကိုင်းသူပြောတဲ့ အတိုင်းစလိုက်ရအောင်..


Windows Phone အသုံးပြုတဲ့သူတွေအတွက် သင်တို့အသုံးပြုတဲ့ PC နဲ့ Windows Phone ကိုချိတ်ဆက်ဖို့အတွက် ဒီအတိုင်းချိတ်ဆက်တယ်ဆိုရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ Windows Phone နဲ့သင့်ရဲ့ ကွန်ပျူတာကိုချိတ်ဆက်ဖို့အတွက်ဘယ်လိုပြုလုပ်ရတယ်။

ဘယ်ဆော့ဖ်ဝဲကိုအသုံးပြုရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။Windows Phone အသုံးပြုတဲ့သူတွေအတွက် သင့်ရဲ့ဖုန်းကို PC မှာချိတ်ဆက်ဖို့အတွက်ဆိုရင် Zune ဆိုတဲ့ Application ကိုအသုံးပြုရပါမယ်။ Zune Applicationဟာ သင့်ရဲ့ဖုန်းအတွင်းကို Media File တွေ Photo File တွေနဲ့အခြား App တွေကိုထည့်သွင်းအသုံးပြုနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Zune Application ကို Download ပြုလုပ်ဖို့အတွက် http://www.windowsphone.com/en-is/how to/wp7/zune-software ဆိုတဲ့ဝက်ဘ်စာမျက်နှာမှာသွားရောက် Download လုပ်ယူနိုင်ပါတယ်။ Download လုပ်ယူလို့ရတဲ့ Installer File ကို Run လိုက်ရင် အဆင့်အလိုက်အတိုင်း လိုက်လံဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ Zune Application ကိုထည့်သွင်းအသုံးပြုဖို့အတွက်ကတော့ သင့်ရဲ့ကွန်ပျူတာ Requirementတွေကတော့ အနိမ့်ဆုံး Windows XP SP3 ဖြစ်ရပါမယ်။ Zune ဟာ Windows XP SP3 ကနေ Windows 8 မှာအထိသုံးစွဲနိုင်မှာဖြစ်ပါတယ်။ CPU ကအနိမ့်ဆုံး 1GHz ရှိရမှာဖြစ်ပါတယ်။Memory ကလည်း 2GB အနည်းဆုံးရှိရမှာဖြစ်ပါတယ်။ နောက်တစ်ခုလိုအပ်ချက်ကတော့ သင့်ကွန်ပျူတာဟာ အင်တာနက်နဲ့ချိတ်ဆက်ထားဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။Zune Application ကိုထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို ပြန်လည်ထုတ်ယူနိုင်မှာဖြစ်သလို၊ သင့်ဖုန်းထဲကိုလည်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Zune Application ဟာ ဖုန်းထဲမှာရှိတဲ့သီချင်းဖိုင်တွေကိုလည်း CD ဖြင့် Burn နိုင်အောင်ထည့်သွင်းစီစဉ်ထားပါတယ်။ Zune Application ကိုအသုံးပြုပြီး သင့်ဖုန်းကိုလည်း Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Download ပြုလုပ်မယ်ဆိုရင်အခမဲ့ Download ပြုလုပ်ခွင့်ရမှာဖြစ်ပါတယ်။အထက်ပါကဏ္ဍကို KMD Mobile မှပံ့ပိုးကူညီသည်။

 http://myanmarinternetjournal.com ဖတ်ရှု့ ကူးယူဝေမျှလိုက်ပါတယ်...
အလင်းရောင်ကြယ်များ..

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်