သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 31 March 2013

Michael Learns To Rock အဖွဲ့ မတ်လ ၂၉ ရက်နေ့တွင် ရောက်ရှိကာ ဖျော်ဖြေပွဲနှင့် ပတ်သတ်၍ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်

3.29.3

ကမ္ဘာကျော် Michael Learns to Rock အဖွဲ့သည် ရန်ကုန်မြို့တွင် မတ်လ ၃၁ ရက်နေ့၌ ဖျော်ဖြေပွဲပြုလုပ်ရန်အတွက် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၀န်းကျင်၌ ရန်ကုန်မြို့သို့ ကာတာလေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ပြီး ညနေ ၅ နာရီတွင် ယင်းတို့တည်းခိုရာ ဆီးဒိုးနားဟိုတယ်၌ မြန်မာစာနယ်ဇင်းများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
"မြန်မာနိုင်ငံကို လာရောက်ဖျော်ဖြေရတာ အများကြီး ၀မ်းသာမိပါ တယ်။ မြန်မာနိုင်ငံသားတွေက ကျွန်တော်တို့ရဲ့သီချင်းတွေကို နှစ်သက်အားပေးကြတဲ့ အတွက်လည်း အရမ်းကို ကျေနပ်မိပါတယ်။ ဒီဖျော်ဖြေပွဲမှာ မြန်မာပရိသတ်တွေ ရင်ထဲမှာရှိနေပြီး ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ သီချင်းတွေနဲ့ အကောင်းဆုံး သီဆိုဖျော်ဖြေသွားမှာပါ" ဟု Michael Learns to Rock အဖွဲ့သားများက စာနယ်ဇင်းများနှင့် တွေ့ဆုံစဉ်ေ ပြောကြားခဲ့သည်။


Michael Learns to Rock အဖွဲ့သည် မိသားစုဝင်များ အကူအဖွဲ့များ အပါအ၀င် စုစုပေါင်း ၁၄ ယောက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ဖျော်ဖြေပွဲတွင် အသုံးပြုမည့် တူရိယာပစ္စည်းများကိုလည်း တစ်ပါတည်း သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဇော်ဝင်းထွဋ်နှင့် ဖြူဖြူကျော်သိန်း တို့လည်း ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။
အဆိုပါ ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံမှ Friendship Entertainment နှင့်ပါကစ္စတန်အခြေစိုက် Pastel Communations တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။
ဒိန်းမတ် Pop/Soft rock ဂီတ အဖွဲ့ဖြစ်သော Michael Learns to Rock ကို Jascha Richter၊ Mikkel Lentz၊ Kare Wanscher၊ Soren Madsen တို့နှင့် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး Soren Madsen သည် ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့မှ နှုတ်ထွက်သွားခဲ့သည်။ MLTR ဟုလည်း ခေါ်ဆိုသည့် Michael Learns to Rock အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် ဓာတ်ပြား ၁၁ သန်းကျော် ရောင်းခဲ့ပြီး အများစုမှာ အာရှတွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ MLTR အဖွဲ့၏ “Take Me To Your Heart” သီချင်းသည် ၂၀၀၆ ခုနှစ်တွင် download လုပ်ယူမှု အများဆုံး သီချင်းအဖြစ် ဆုချီးမြှင့်ခံခဲ့ရသည်။ စတူဒီယို အယ်ဘမ် ရှစ်ခု အပါအ၀င် ဖျော်ဖြေပွဲနှင့် လူကြိုက်များသည့် သီချင်းများ စုစည်းထားသည့် အယ်လ်ဘမ်များလည်း ထွက်ရှိခဲ့သည်။ MLTR အဖွဲ့သည် ၎င်းတို့၏ အယ်လ်ဘမ်များ ရောင်းချမှုအတွက် ရွှေနှင့် ပလက်တီနမ်အဆင့် ရရှိခဲ့သည်။
MLTR အဖွဲ့၏ Paint My Love အယ်ဘမ်မှ Paint My Love၊ Sleeping Chile၊ That’s Why (You Go Away)၊ The Actor၊ Breaking My Heart၊ Someday၊ Out of the Blue နှင့် 25 Minutes စသည့် သီချင်းများသည် မြန်မာပရိသတ်များ အကြားတွင် မူရင်းသီချင်းရော မြန်မာဘာသာဖြင့် ပြန်လည်ရေးဖွဲ့ သီဆိုခဲ့သည့် သီချင်းများတွင်ပါ အောင်မြင်ထင်ရှားသည့် သီချင်းများဖြစ်သည်။
eleven media group.

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်