
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊မျှော်ရစ်ကမ်းခြေ(ကမ်းပနီ)တွင် မတ်လ(၁၆)ရက်နေ့ခန့်က ဝေလငါးအမျိုးအစားငါးအသေကောင်တစ်ကောင်လာရောက်သောင်တင်နေကြောင်းသိရသည်။အဆိုပါ ဝေလငါးသည် ခေါင်းဖျားမှအမြီးဖျားအထိ (၄၂)ပေခန့် ရှည်ပြီး အချို့အသားများပဲ့ကြွေနေပြီဖြစ်ရာ လွန်ခဲ့သော တစ်လနီးပါးခန့်ကပင်
သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်းဒေသခံရေလုပ်သား ကဆိုသည်။၂၀၀၅
ခုနှစ်အတွင်းကလည်း (၃၆) ပေရှည် ဝေလငါးတစ်ကောင်သည် မောင်းမကန်အနီးရှိ
သဘော့ဆိပ်ကမ်းခြေ တွင် လာရောက်သောင်တင်ခဲ့ပြီး၊၄င်းငါး၏ အရိုးစုကို ထားဝယ်တက္ကသိုလ်တွင်ပြသထားကြောင်းသိရသည်။အခြားဝေလငါး
တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊စမ်းလှမ်းကမ်းခြေတွင်
လာတင်ခဲ့ဖူးရာ အရိုးရရန်အတွက် မြေမြှုပ်ထားရှိကြောင်း သိရသည်။ယခုတွေ့ရှိသော
ဝေလငါး၏ အရိုးစုကိုမူ မည်သည့်အဖွဲ့အစည်းမှထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်းမသိရသေးချေ။ သတင်း - ဖိုေးဇာ်(ထားဝယ်) ဓာတ်ပုံ - ကိုဖြိုး(သင်္ချာ) နှင့် ဖိုးဇော်(ထားဝယ်)
No comments:
Post a Comment