သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Sunday 24 March 2013

မိတ္ထီလာမြို့သတင်းများ၊ ကောလဟာလများနှင့်ပတ်သတ်၍ ရှင်းလင်းချက်။


မိတ္ထီလာသတင်းနှင့်ပတ်သတ်၍ သိလိုသည်များကို ကျွန်တော့် message box ၊
တယ်လီဖုန်းများနှင့်ဆက်သွယ်မေးမြန်းလာသည့် ကောလဟာလများနှင့်
သတင်းများကို အမှား၊အမှန်အတည်ပြုဖော်ပြလိုက်ပါတယ်။ကျွန်တော် သိလျှင်သိသည့်
အတိုင်း၊မသိလျှင် မသိသည့်အတိုင်းရိုးရိုးသားသားဖော်ပြလိုက်ပါတယ်။

၁။ Q; မိတ္ထီလာ ရှိဖောင်တော်ထိပ် ရပ်တော်မှုဆင်းတုကြီးတွေ အဖြိုခံရတယ်ဆိုတာ
ဟုတ်ပါသလား။
A; လုံးဝ၊လုံးဝမဟုတ်ပါ။ ဆင်းတု နှစ်ဆူ၊မှာဘက်စုံပြုပြင်ရန်အတွက် လွန်ခဲ့သောတစ်လ
လောက်ကတည်းကမှ မြေတူးပြုပြင်နေတာဖြစ်ပါတယ်။

၂။ Q; နာရီစဉ်နားရှိ ကမ္ဘောဇဘဏ် မီးလောင်သွားတယ်ဆိုတာဟုတ်ပါသလား
A; လုံးဝမဟုတ်ပါ။ အစတည်းက အသစ်ဆောက်လုပ်ရန် ပြုပြင်နေတာပါ။
ကမ္ဘောဇဘဏ်အပါအဝင်၊ ရှိရှိသမျှဘဏ်အားလုံး အန္တာရာယ်ကင်းဘေးရှင်းပါတယ်။

၃။ Q; ယင်းတော်မင်းကျောင်း ဓါတ်တော်တိုက်ကြီးကိုဖြိုချပစ်လိုက်တယ်ဆိုတာဟုတ်သလား။
A; လုံးဝ၊လုံးဝမဟုတ်ပါ။

၎။Q; သီတဂူဆရာတော်ကြီး မိတ္ထီလာကိုကြွလာတယ်ဆိုတာဟုတ်လား။ ဘယ်မှသတင်းသုံးလဲ။
A; သီတဂူဆရာတော်ကြီး မိတ္ထီလာကြွလာတယ်ဆိုတာမဟုတ်ပါ။ ဖြစ်စဉ်ရက်ပိုင်းအတွင်းမှာ
သီတဂူဆရာတော်ကြီးဟာ ချင်းပြည်နယ်မှာရှိနေတယ်လို့ ဆရာတော်ကြီးကိုသင်္ကန်းကိုယ်တိုင်ကိုယ်
ကျ ကပ်လှူခဲ့တဲ့ ချင်းပြည်နယ်ရှိ မိတ်ဆွေဆရာဝန်မှ ၁၀၀% အတည်ပြုပြောကြားပါတယ်။
ဆရာတော်ကြီးက ဆုံးမစကား မိန့်ကြားခဲ့တယ်ဆိုတာ မှန်ကန်ပါတယ်။

၅။Q; ဦးဝီရသူ ကြွလာတယ်ဆိုတာဟုတ်သလား။
A;ဟုတ်ပါတယ်။ဖြစ်ဖြစ်ခြင်းနောက်တစ်ရက်တန်းကြွလာတာပါ မြစန္ဒာ သွပ်ပြားဆိုင်ရှေ့
တန်းလျားလေးမှာ ထိုင်နေတာကို မျက်စိနှင့်တပ်အပ်မြင်လိုက်ပါတယ်။

၆။ Q;ကိုမင်းကိုနိုင်တို့ ၈၈တွေလာသလား။
A ; ဟုတ်ကဲ့ လာတာသေချာပါတယ်။

၇။Q; ကျန်းမာရေးစာစောင်တွေမှာ ရေးသားနေတဲ့ဒေါက်တာမြင့်ဦး(ထွေကု-ထီလာ)
(ဒေါက်တာမြင့်ဦးGpမဟုတ် ) အကြီးအကျယ်ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဟုတ်သလား။
A; ကျွန်တော့်မျက်စိနှင့်တပ်အပ်မမြင်၍ ၁၀၀% အတည်မပြုနိုင်ပါ။ သို့သော် ဆေးရုံရှိ အသိ
မိတ်ဆွေများနှင့် ဆရာကြီးနှင့်နီးစပ်ရာ လူများ ၁၀ဦးနှင့်အထက် ကိုမေးကြည့်ရာ ဟုတ်မှန်ကြောင်း
ပြောကြားကြပါသည်။ဆရာကြီးဦးမြင့်ဦးဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပေမယ့်  ဗုဒ္ဓဘာသာဝင်များ
ကပါ ချစ်ခင်ကြည်ညိုသောဆရာဝန်ကြီးဖြစ်ပါတယ်။ ဆရာကြီးထက်ဆရာဝန်စိတ်ဓါတ်ပိုရှိတဲ့ ဆရာဝန်ကို
ရှာပြပါ ဒေါ်လာတစ်သန်းပေးပါမယ်ဆိုရင်တောင် ကျွန်တော်တွေ့အောင်မရှာနိုင်ပါ။
မိတ္ထီလာမြို့တီဘီတိုက်ဖျက်ရေးမှာတက်တက်ကြွကြွပါဝင်ဆောင်ရွက်နေသလို သူ့ဘဝတစ်လျောက်လုံး
လူမျိုးဘာသာမရွေး အသပြာအဓိကမထား စေတနာဖြင့်သာကုသပေးသဖြင့် အလွန်လည်းဆင်းရဲပါတယ်။
ဒီသတင်းသာမှန်ခဲ့ရင်တော့ မိတ္ထီလာမြို့သူမြို့သားများအတွက် ကြီးမားတဲ့နစ်နာမှုကြီးပါဗျာ။

၈။Q;(အမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦး သွေးအိုင်ထဲတွင်လဲနေသည့်ဓါတ်ပုံကိုဖော်ပြ၍)
ဒီပုံတွေက ကုလားတွေရိုက်သတ်ထားတဲ့ပုံလို့facebook တစ်ခုမှာတင်ထားလို့ဟုတ်ပါသလား။
A;လုံးဝလုံးဝမဟုတ်ပါဘူး။ ဒါသတ်သတ်ယုတ်မာတာပါ။ ဒီပုံတွေဟာ ယာဉ်စည်းကမ်းထိန်းသိမ်း
ရေးက ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်တဲ့ပုံတွေကိုပညာပေး ရိုက်ထားတဲ့ပိုစတာကပါ။ မိတ္ထီလာကန်ထိပ်က
ပိုစတာမှာလာကြည့်နိင်ပါတယ်။ ဒီပုံတွေကိုချက်ချင်းဖျက်ပစ်ပါ။ ကျွန်တော်လည်းဖျက်ပစ်လိုက်ပြီ။
ဒီလိုပုံတွေတွေ့ရင်ရမ်းသန်းပြီး like တို့ share တို့မလုပ်ပါနဲ့။

၉။Q;နာမည်ကြီးပြည်တွင်းမီဒီယာတစ်ခု (နာမည်ပြောပါသည်)ကတင်ထားတဲ့
လူ၁၀ယောက်လောက်ကိုမီးရှိုတားတဲ့ပုံက ကုလားတွေလားဗမာတွေလား။
A; ကုလားလားဗမာလားသိချင်ရင် တင်ထားတဲ့မီဒီယာကိုပဲဖုန်းဆက်မေးကြည့်ပါခင်ဗျား။
ကျွန်တော့်အနေနဲ့ဖြေဆိုရန်တာဝန်မရှိပါ။

၁၀။Q;ဧရာဝတီသတင်းမှာတင်ထားတဲ့ ကလေးလေးတွေက စစ်ဖိနပ်ကိုကြည့်ပြီးကြောက်နေတဲ့ပုံ
ဘယ်လိုလဲခင်ဗျ။
A; ဒီပုံကိုကျွန်တော်လည်းကြည့်လိုက်ရပါတယ်။ ပုံအောက်မှာတော့ပြန်လည်နေရာချထားပေးပုံ
လို့ရေးထားပြီး ပုံကိုတော့ရည်ရွယ်ချက်ရှိရှိ၊ယုတ်ယုတ်မာတင်ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။
သူတို့သာရိုးသားရင် ကားနဲ့သယ်သွားတဲ့ကားတစ်စီးလုးံပုံကိုဖော်ပြရမှာပေါ့။အခုတော့ ကားဘန်ပါ
နောက်မှာ တက်ရပ်ပြီး ကာကွယ်မှုယူပေးနေတဲ့ ရဲဘော်ခြေထောက်နဲ့ကြောက်နေတဲ့ကလေးမျက်နာကို
ကွက်ပြီးဖော်ပြထားတာက ပြည်သူနဲ့စစ်တပ်အကြားရန်မီးပွားအောင် သတ်သတ်ယုတ်မာတာလို့
ထင်ပါတယ်။ ဒီပုံကိုမိတ္ထီလာမြို့သားတစ်ဦးအနေနဲ့ကော၊မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ပါ
ပြင်းထန်စွာကဲ့ရဲ့ရှုတ်ချပါတယ်။ဧရာဝတီသတင်းအနေနဲ့ရိုးရိုးသားသားမှားတာဆိုရင်
ပုံအပြည့်အစုံကိုပြန်တင်ပေးပါ။

၁၁။Q;ခင်ဗျားက EPC အကြောင်း၊စစ်တပ်အကြောင်း အကောင်းတယ်ပြောပါ့လား ၊
ခင်ဗျားက စစ်တပ်ကလား EPCကလား။
A; မဟုတ်ပါဘူးခင်ဗျား၊ကျွန်တော်သာမက ကျွန်တော့အမျိုးထဲမှာတောင် EPC တို့စစ်တပ်ကတို့
မရှိပါဘူးဗျာ။ သူတို့က တစ်ကယ်အလုပ်လုပ်လို့လုပ်တဲ့အကြောင်းရိုးရိုးသားသားတင်ပေးတာပါ။

၁၂။Q; NLDတွေဘာလုပ်နေလဲ။
A; စဖြစ်ခါစရက်တွေမှာ သူတို့ရုံးထဲမှာပဲစုစုရုံးရုံးလုပ်နေပါတယ်။ ကျွန်တော်က မည်သည့်
ပါတီဝင်မှမဟုတ်လို့ဘာတွေတိုင်ပင်နေသလဲဆိုတာမသိပါ။၂၃/၂၄၊ရက်တွေမှာတော့ ဝတ်စုံပြည့်
ဝတ်ပြီးကားတွေအလံတွေနဲ့ကူညီကယ်ဆယ်ရေးတွေလုပ်ပေးနေတာကိုတွေ့ပါတယ်။

၁၃။Q; ပြည်ခိုင်ဖြိုးပါတီကရောဘာတွေလုပ်ပေးနေသလဲ။
A; ကျွန်တော်မသိဘူးဗျ။

၁၄။Q; ဆရာကပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ သုံးနာရီနဲ့တာ့မလုံလောက်ပါတို့၊
ပြည်တွင်းဖြစ်ဆန်ရှင်တို့ အစရှိတဲ့ဆောင်းပါးတွေကို အပတ်စဉ်ရေးသားနေတဲ့စာရေးဆရာ
ဟုတ်ပါသလားရှင့်။
A;ကျွန်တော်က ပြည်တွင်းဖြစ်ဆန်ရှင်၊သုံးနာရီနဲ့တော့မလုံလောက်ပါ
ဆောင်းပါးတွေကိုရေးသားခဲ့တဲ့စာရေးသူဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုကျွန်တော်
စာရေးဆရာလို့ဘယ်တုန်းကမှမခံယူမိပါဘူး။အပတ်စဉ်ရေးသားနေတယ် ဆိုတာလည်းမဟုတ်ပါဘူး။
ပြည်သူ့ခေတ်ဂျာနယ်မှာ ဒီနှစ်ပုဒ်ပဲပါဘူးတာပါခင်ဗျား။

၁၅။ Q; ခင်ဗျားက ကုလားလား။
A;မဟုတ်ပါဘူးခင်ဗျား ၊ကျွန်တော်က ဗုဒ္ဓဘာသာ၊ဗမာလူမျိုးစစ်စစ်ပါ ။
ဒါပေမယ့် ဗုဒ္ဓအလိုကျ၊ဗုဒ္ဓအဆုံးမအတိုင်း၊ဗုဒ္ဓချီးမွမ်းမယ့် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်အောင်
ကြိုးစားနေသူပါခင်ဗျား။

Face book ပေါ်ရှိသူငယ်ချင်း၊မိဘပြည်သူများခင်ဗျား ၊အခုကျွန်တော့်ရဲ့ Account ကို Hack မယ်
Report လုပ်မယ်စသည့်ဖြင့်ချိမ်းခြောက်နေသောသူများရှိပါသဖြင့် friend add အများအပြားကို
လက်မခံရဲတာခွင့်လွှတ်ပါခင်ဗျား။

ဒါအပြင် အကယ်၍သူတို့ပြောသလို Hack ပြီးလူမျိုးရေး၊ဘာသာရေး
သွေးခွဲလုံဆော်သည့်စာများပုံများတင်ပါက ကျွန်တော်လုံးဝမဟုတ်ပါဟု ကြိုတင် အစီရင်ခံအပ်ပါသည်
ခင်ဗျား။ ကျွန်တော်က ငြိမ်းချမ်းရေးကိုသာလိုလားသူပါခင်ဗျား။
ကျန်းမာ၊ချမ်းသာ၊ဝမ်းလည်းသာ၊လန်းဖြာနိုင်ပါစေ။

မင်းသန့်အောင်(မိတ္ထီလာမြို့)။

Shared by thettantcho

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်