သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday 28 March 2013

သမိုင်းတွင်တဲ့ ​ကမ္ဘာ့အကြီးမားဆုံး ​အင်တာနက် ​တိုက်ခိုက်မှုကြီး ​ဖြစ်ခဲ့တဲ့အတွက် ​ကမ္ဘာတလွှားက ​ကွန်ပြုတာ ​အင်တာနက်တွေ ​နှေးကွေးခဲ့ရပါတယ်။


အင်တာနက်ပေါ်မှာ ​လက် ​မ ​ခံ ​ပဲ ​ရောက် ​ရှိ ​လာတဲ့ ​ကြော်ငြာတွေကို ​တိုက်ဖျက်နေတဲ့ ​ဥရောပတိုက်က ​Spamhaus ​အဖွဲ့နဲ့ ​အင်တာနက် ​ဝန်ဆောင်မှုပေးတဲ့ ​Cyberbunker ​အဖွဲ့တို့ကြား ​ပြဿနာဖြစ်ခဲ့တဲ့အတွက် ​ကမ္ဘာတလွှားမှာ ​အင်တာနက်မြန်နှုန်းတွေ ​ကျဆင်းခဲ့ရတယ်လို့ ​ပြောနေကြပါတယ်။
Cyberbunker ​အဖွဲ့ဟာ ​ဝဘ်ဆိုက်တွေမှာ ​ဘာတွေပါဝင်သလဲဆိုတာ ​မဆန်းစစ်ပဲ ​ဝဘ်ဆိုက်တိုင်းကို ​အင်တာနက်ဝန်ဆောင်မှုပေးတယ်လို့ ​Spamhaus ​အဖွဲ့က ​စွပ်စွဲလိုက်ပါတယ်။
ခုလည်း ​Cyberbunker ​အဖွဲ့က ​အင်တာနက်တွေကို ​တိုက်ခိုက်နေတာလို့ ​ပြောလိုက်ပါတယ်။
ခုဖြစ်နေတဲ့ဖြစ်ရပ်မှာ ​အင်တာနက်ပေါ်မှာ ​အချက်အလက်တွေ ​မတန်တဆ ​ဖလှယ်မှုများပြားနေရာက ​အင်တာနက်နှေးကွေးမှုတွေ ​ဖြစ်ရတာဖြစ်ပြီး ​မကြာခင်မှာ ​ဘဏ်လုပ်ငန်းနဲ့ ​အီးမေးလ်တွေကိုပါ ​ထိခိုက်နိုင်တယ်လို့ ​ပြောနေကြပါတယ်။


နိုင်ငံကြီး ​၅ ​နိုင်ငံက ​အင်တာနက်နဲ့ပတ်သက်တဲ့ ​ထောက်လှမ်းရေးတွေကလည်း ​အင်တာနက်တိုက်ခိုက်မှုတွေအပေါ် ​စုံစမ်းမှုတွေ ​လုပ်နေပြီလို့ ​သိရပါတယ်။
မြန်မာနိုင်ငံမှာလည်း ​အင်တာနက်ကနေတဆင့် ​ပဋိပက္ခတွေဖြစ်ပွားအောင် ​သွေးထိုးလှုံ့ဆော်တဲ့ ​အင်တာနက်စာမျက်နှာတွေနဲ့ ​အမျိုးသမီးတွေရဲ့ ​ဂုဏ်သိက္ခာကျဆင်းအောင် ​ပြုလုပ်သူတွေအပေါ် ​အရေးယူနိုင်အောင် ​မြန်မာရဲဌာနက ​ကွန်ပြုတာ ​ကျွမ်းကျင်သူတွေနဲ့ ​ပူးပေါင်းပြီး ​တိုက်ဖျက်မှုတွေလုပ်မယ်လို့ ​Eleven ​Media ​သတင်းမှာ ​ဖော်ပြထားပါတယ်။
အင်တာနက်ပေါ်က ​မဖွယ်မရာ ​အကြောင်းအရာတွေကို ​ပြည်တွင်း ​သို့မဟုတ် ​ပြည်ပကနေ ​လုပ်ဆောင်တာလားဆိုတာတွေကို ​စုံစမ်းပြီး ​အရေးယူမှုတွေ ​လုပ်သွားမယ်လို့ ​ဖော်ပြထားပါတယ်။
 http://www.radioaustralia.net.au/burmes

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်