သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 25 March 2013

အစ္စရေးတပ် ပါလက်စတိုင်းသပိတ်စခန်းကို ဝင်ရောက် စီးနင်း



                 ဂျေရုဆလင်၊ မတ်၂၄။
အစ္စရေးတပ်သား တစ်ရာကျော်ခန့်သည် ဂျေရုဆလင်မြို့ပြင်ရှိ ပါလက်စတိုင်းသပိတ်စခန်းကို ညဘက်ဝင်ရောက်စီးနင်းကြောင်း တက်ကြွလှုပ် ရှားသူများနှင့် ရဲများက ယနေ့
ပြောကြားလိုက်သည်။

ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများသည် အနောက်ဘက်ကမ်းခြေအနီးရှိ အစ္စရေးတို့နေသော မားလီအဒူမင်ဟုခေါ်သောနေရာတွင် အဆောက် အအုံများဆောက်လုပ်ရန် စီစဉ်ခဲ့ကြ
သောကြောင့်နေမင်း၏ ဂိတ်ပေါက်ဟုခေါ်သော သပိတ်စခန်း
တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

သပိတ်စခန်းမှ တဲများကို အမေရိကန်သမ္မတအိုဘားမား၏ အစ္စရေးနှင့် ပါလက်စတိုင်းခရီးစဉ်တွင် ၎င်းကိစ္စကို သိသာထင်ရှားစေရန် ဗုဒ္ဓဟူးနေ့တွင် ထိုးခဲ့ကြခြင်းဖြစ်သည်။

သပိတ်စခန်းကို ဦးဆောင်ဦးရွက်ပြုသူတစ်ဦးဖြစ်
သည့် ပါလက်စတိုင်းဥပဒေရေးဆွဲသူ မူစတာဖာဘာဂူတီက ၎င်းနှင့် အခြားလေးဦးကို ဖမ်းခေါ် သွားပြီး မားလီအဒူမင်ရဲစခန်းတွင် စစ်ဆေးမေးမြန်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့
တနင်္ဂနွေနေ့တွင် ဖုန်းဆက်ပြောကြားခဲ့သည်။

ကျန်တက်ကြွလှုပ်ရှားသူ အယောက်၅၀ကိုလည်း ဘတ်စ်
ကားဖြင့် တင်ခေါ်သွားပြီး ပါလက်စတိုင်းအာဏာပိုင်များအပိုင
် အနောက်ကမ်းခြေ တွင် လွှတ်ပေးခဲ့သည်ဟု သိရသည်။

အစ္စရေးရဲဘက်ပြောရေးဆိုခွင့်ရှိသ
ူ မစ်ကီရိုဆန်ဖယ်က ရဲသားတစ်ဦးကို စော်ကားသောစကား ပြောသောကြောင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး ခဲ့သည် ဟုအေအက်ဖ်ပီကို
ပြောကြားခဲ့သည်။

“ဒီအရေးမှာ တပ်သား၂၀၀ပါဝင်ခဲ့တယ်၊ နယ်မြေဟာ ရှင်းလင်းသွားပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သပိတ်စခန်းကို ဇန်နဝါရီတွင် စတင်ခဲ့သော်လည်း တရားရုံးက လူထုမတည်မငြိမ်ဖြစ်စေမှုနှင့် စွဲချက်ဖြင့် ဖြိုဖျက်ခဲ့သည်။ အခြား
အလားတူ စခန်းများ ဖွင့်ရန် ကြိုးစားခဲ့သော်လည်း စစ်တပ်နှင့်ရဲများ ဖျက်ဆီးခဲ့ကြသည်။

အစ္စရေးများ အိမ်ရာတိုးချဲ့ဆောက်လုပ်ခြင်းသည
် အနောက်ဘက် ကမ်းခြေကို နှစ်ခြမ်းကွဲသွားစေမည်ဖြစ်ပြီး ကပ်လျက်ရှိသော
ပါလက်စတိုင်း နယ်မြေ တည်ရှိနေမှုကို တားဆီးနေသည်ဟု ပါလက်စတိုင်းမျာတို့က ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အစ္စရေးတို့ အိမ်ရာတိုးချဲ့ တည်ဆောက်ခြင်းကို စိုးရိမ်စွာတုံ့ပြန်ခဲ့ကြပြီး အစ္စရေးဝန်ကြီး ချုပ် နေသန်ယာဟုကိုလည်း ပြန်လည်စဉ်းစားရန်တိုက်တွန်း
ကြကြောင်း သိရသည်။

အိမ်မက်နန်းတော်မှတစ်ဆင့် 

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်