သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..
Saturday 30 March 2013
ရွှေတိဂုံ လင်းတတက် နိမိတ်ဖတ် ဟောကိန်းများ
ဒီအကြောင်းရာကလေးကတော့ ကြာလှပါပြီ ဆိုက်ကလေးတစ်ခုလိုက်ဖတ်ယင်းကူးယူဝေမျှလိုက်တာပါ
ထာပါ..
Photo fromYangon Media Group
ရှေ့နှစ် ၂ဝ၁၃ မြန်မာ့နိုင်ငံရေး မကောင်းဘူးလို့ ဗေဒင်ဆရာတွေ အသံထွက်နေချိန်မှာ အခုလို လင်းတနား နိမိတ်ပေါ်လာတာဟာ အချိုပေါ် သကာလောင်းတာ မဟုတ်ဘဲ မြွေပူရာ ကင်းမှောက်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေစောင်းက ရွှေတိဂုံစေတီတော်ရဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့ အင်္ဂါထောင့်ဘက်တွေမှာ လင်းတ (လဒ) ၆ ကောင် လာနားသွားပါတယ်။ ဒီလင်းတတွေဟာ ဟိမဝန္တာက လာတဲ့ ဆောင်းခိုငှက်တွေ ဖြစ်ပြီး နှစ်တိုင်းလိုလို လင်းတတွေ မြန်မာပြည်အနှံ့ ဆင်းလေ့ ရှိပေမယ့် ဘုရားပေါ် တက်နားတာကတော့ ထူးခြားမှု ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင် အသင်းက ပြောဆိုချက်ကို ရန်ကုန်တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။
လင်းတတွေ ဘုရားပေါ် တက်နားတယ် ဆိုတဲ့ သတင်း အဲဒီညနေမှာ ကြားတည်းက စိတ်ထဲ ထင့်ခနဲ ဖြစ်သွားမိပါတယ်။ ကျွန်တော့်လို သာမန် ဗေဒင်လေ့လာသူတစ်ဦးအနေနဲ့ ပညာရှင်တွေလို ကြီးကြီးကျယ်ကျယ် နိမိတ်ဖတ် ကောက်ယူတာတွေ မကျွမ်းကျင် မဟောပြောနိုင်ပေမယ့် လက်စွဲတော် ဆန်းကျမ်းဗေဒင်နဲ့ တွေးယူစဉ်းစားရာမှာ ဘုရားစေတီ ဆိုတဲ့ မြင့်မြတ်ရာ ဣဌဌာနကို လင်းတ ဆိုတဲ့ အနိဌ အကောင်တွေ ထူးထူးကဲကဲ လာနားတဲ့အတွက် ဒါဟာ အနိဌကို ဆောင်မယ့် အဆိုးနိမိတ်တစ်ခုလို့ အနုမာနသဘော ယူဆ ဆုံးဖြတ်ခဲ့ပါတယ်။
လင်းတနားတာနဲ့ ပတ်သက်ပြီး အဲဒီရန်ကုန်တိုင်းမ် ဂျာနယ်ကပဲ ဗေဒင်နက္ခတ်ပညာရှင်တွေကို မေးမြန်း တင်ပြထားပါသေးတယ်။ ပညာရှင်တွေကတော့ ထုံးစံအတိုင်း စံဇာဏီဘို၊ ဦးဇေယျာကိုတို့ ဖြစ်ပြီး ဒီတစ်ခါ အဘဆရာကြီးမင်းသိင်္ခ
 (ကွယ်လွန်) ရဲ့လက်စွဲတော်တပည့်
 ဖြစ်သူ ဆရာဇင်ယော်နီလည်း  အောက်ပါအတိုင်း ပါဝင် သုံးသပ်ထားတာ တွေ့ရပါတယ်။
ဆရာစံဇာဏီဘို 
"ကောင်းတဲ့ မြင့်မြတ်တဲ့ နေရာမှာ မကောင်းတဲ့ နိမ့်ကျတဲ့ သတ္တဝါ လာနားတာဟာ ဆန်းသဘောအရ ဆန်းပျက်တယ်။အသရေပျက်တယ်။တိုင်းပြည်Iconမကောင်းဘူး။ဗုဒ္ဓဘာသာသာသနာ အနှောင့်အယှက်ဝင်တဲ့သဘော။နိုင်ငံအတွက်
 ကြည့်ရင် ခေါင်းဆောင်ပိုင်း ကျန်းမာရေးအညံ့ ရှိနိုင်မယ်။ ပြည်သူအတွက်တော့ ကြီးမားတဲ့ အန္တရာယ် မရှိဘူး။ ဆန်ရေစပါး ရှားပါးနိုင်တယ်။"
ဆရာဦးဇေယျာကို
"လင်းတငှက် နားတာ မကောင်းဘူး။ ပြီးတော့ ရာဟုထောင့်မှာ နားတယ်လို့ သိရတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့က ရာဟုဂြိုဟ်ဟာ တူရာသီ ပြောင်းတဲ့ ကာလ ဖြစ်တဲ့အတွက် တိုင်းပြည်အတွက် မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ အုပ်ချုပ်သူအတွက်လည်း နိမိတ် မကောင်းဘူး။"
ဆရာဇင်ယော်နီ
"ဒါဟာမကောင်းတဲ့နိမိတ်
 ပေါ်တာပဲ။အထွဋ်အမြတ်
 နေရာမှာ လာနားတယ် ဆိုတော့ ဘာသာသာသနာကို အံတု အံပြုနေတဲ့ သူတွေ ရှိတဲ့ သဘော။ တိုင်းတပါးသားနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိလာနိုင်တယ်။"
အဘမင်းသိင်္ခ
 ပြုစုသွားတဲ့ မဟာဘုတ်တော် ရာဇဝင်ကျမ်းမှာလည်း ရှေးမြန်မာဘုရင်တွေ နန်းကျချိန်မှာ စေတီဘုရား၊ နန်းတော်ထက်တွေမှာ လင်းတတွေ နားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကျွန်တာ် ကြားသိ သလောက် လင်းတငှက်နားတဲ့ အဖြစ်အပျက်ကလည်း မကောင်းပါဘူး။ ပဲခူးက မိုးညိုအရပ်မှာ အိမ်တစ်အိမ်ပေါ် လင်းတကြီးတစ်ကောင် တက်နားအပြီး အိမ်သားတွေ တစ်ယောက်ပြီး တစ်ယောက် အကြောင်း အမျိုးမျိုးနဲ့ သေဆုံးကုန်ပါတယ်။
 နောက်ပိုင်းမှာအဲဒီအိမ်ပေါ်ဘယ်သူမှတက်မနေရတော့ဘဲသမဝါယမအသင်း အဆောက်အဦအဖြစ် ပြောင်းလဲခဲ့ရတယ်။ ဒါ တကယ့် အဖြစ်အပျက်ပါပဲ။
ရှေ့နှစ် ၂ဝ၁၃ မြန်မာ့နိုင်ငံရေး မကောင်းဘူးလို့ ဗေဒင်ဆရာတွေ အသံထွက်နေချိန်မှာ အခုလို လင်းတနား နိမိတ်ပေါ်လာတာဟာ အချိုပေါ် သကာလောင်းတာ မဟုတ်ဘဲ မြွေပူရာ ကင်းမှောက်တာပဲ ဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်းမှာပြီးခဲ့တဲ့၂ဝ၁၂ 
က အဖြစ်အပျက်တွေနဲ့ ရှေ့နှစ် ၂ဝ၁၃ နဲ့ ပတ်သက်တဲ့ ဟောကိန်းတွေကို စုစည်း တင်ဆက်ပေးပါဦးမယ်။ ၂ဝ၁၃ ဟောကိန်းတွေဟာ အရင်နှစ်တွေနဲ့မတူတစ်မူထူးခြားနေမှာ
 သေချာတယ်လို့ ကြိုတင် အမှာပါးလိုက်ပါတယ်။
 http://www.myastroview.com
No comments:
Post a Comment
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်