သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 16 March 2013

ကြောင် အကောင် ၅၅၀ မွေးလို့ မိန်းမကို ကွာရှင်းလိုက်တဲ့ ယောက်ျား


 ကြောင်ချစ်သူများ ကြောင်ဘယ်နှစ်ကောင်အထိမွေးဖူးပါလဲ?  အိုင်ယာလန်နိုင်ငံမှာတော့ ဇနီးသည်ဖြစ်သူ ကြောင်ချစ်သူက အိမ်ကို ကြောင် အကောင် ၅၅၀ ၀ယ်လာပြီးမွေးလို့ မခံနိုင်တဲ့အဆုံးမှာ ငါ့ကိုရွေးမလား ကြောင်ကိုရွေးမလား ဆိုရာမှာတော့ ကြောင်ချစ်သူ ဇနီးက ကြောင်တွေကို ရွေးချယ်သွားပါသတဲ့။  ကွာရှင်းဖို့ လျှောက်လဲချက်မှာတော့ ယောက်ျားဖြစ်သူဟာ အိပ်ယာပေါ်မှာလည်း အိပ်လို့မရရှာပါဘူး။ 

 တစ်အိပ်ယာလုံးကြောင်တွေနဲ့ ပြည့်နေတယ်လို့ဆိုပါတယ်။  ရေချိုးခန်းအ၀င်အ၀မှာလည်းကြောင်တွေ၊ အိမ်မှာလည်း ထမင်းချက်စားလို့ မရ၊ ထမင်းစားဖို့ စားပွဲခုံမှာထိုင်လိုက်ရင်လည်း သူ့ဟင်းတွေကို ကြောင်တွေကခိုးစား၊ မခံနိုင်တဲ့အဆုံး ကွာရှင်းဖို့ လုပ်တယ်လို့ ဆိုပါတယ်။  
          ဒီလင်မယားဟာ ပြန်လည် သင့်မြတ်ဖို့အတွက် အကြံပေးအဖွဲ့နဲ့ ထပ်တွေ့ပေမယ့်လည်း ကြောင်ချစ်လှတဲ့ ဇနီးဖြစ်သူက သူ့ကြောင်တွေနဲ့ မခွဲနိုင်လေတာမို့ ခွဲခြင်းခွဲ ယောက်ျားကိုသာ ခွဲမယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။
ကိုပီတာ ဆိုဒ်မှ........

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်