သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 30 March 2013

မက္ကဆီကိုဂြိုဟ်တု ရုရှားလွှတ်တင်

 
မက္ကဆီကိုနိုင်ငံမှ ဂြိုဟ်တုတစ်လုံးကို ရုရှားနိုင်ငံလုပ် ပရိုတွန်-အမ် ဒုံးပျံဖြင့် ကာဇက်စတန်ရှိ ဘိုင်ကိုနောအာကာသယာဉ် လွှတ်တင်ရေး စခန်းမှနေ၍ မတ် ၂၇ ရက်က အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း ရုရှားအာကာသ အေဂျင်စီက မတ် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ 


ပရိုတွန်-အမ် ဒုံးပျံသည် ဆက်မက်-၈ အမည်ရှိ ၄င်းဂြိုဟ်တုကို ယင်းနေ့ မော်စကိုစံတော်ချိန် ၂၃ နာရီ ၁၆ မိနစ်၌ လွှတ်တင်လိုက်ခြင်းဖြစ်သည်။ လွှတ်တင်ပြီး မကြာမီ ပရိုတွန်-အမ် ဒုံးပျံမှနေ၍ ယင်းဂြိုဟ်တုခွဲထွက်ကာ အာကာသအတွင်း လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါ ဂြိုဟ်တုကို လိုရယ်ကုမ္ပဏီက တည်ဆောက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြောက်နှင့် တောင်အမေရိကန် ဒေသတို့တွင် အသံလွှင့်မှုစနစ်များ၊ ရုပ်မြင်သံကြားစနစ်များနှင့် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်လျင်မြန်စေရန် ကူညီပေးမည်ဖြစ်သည်။ (ဆင်ဟွာ)
 http://www.khitlunge.net.mm မှ....

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်