သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 18 March 2013

မိုးမောက်- လွယ်ဂျယ် ကားလမ်းတွင် ဒေသခံတစ်ဦး၏ပြောပြချက်ကြောင့် မိုင်းရှင်းလင်းနိုင်ခဲ့


မိုးမောက် - လွယ်ဂျယ်ကားလမ်းတွင် ဒေသခံတစ်ဦး၏ အစိုးရတပ်အား လာရောက်ပြောပြချက်ကြောင့် မိုင်း ၂လုံးအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။ KIA နှင့် အစိုးရတပ်များ တိုက်ပွဲများ ရပ်စဲ နေသောကြောင့် မိုးမောက်-လွယ်ဂျယ် ကားလမ်းကို အသုံးပြုပြီး ကုန်စည်စီးဆင်းမှုများပြန်လည် လုပ်ဆောင် နေသော်လည်း KIA အဖွဲ့မှာ မိုင်းထောင်မှုများရှိနေကြောင်းဒေသခံများကပြောမှုအရ သိရှိရသည်။ မိုးမောက် မြို့မှ အထွက် လမ်းဘေးသစ်ပင်တွင် KIA မှ မိုင်းတစ်လုံးထောင်ထားကြောင့် ယ မန်နေ့ နေ့လည် ၁၂နာရီခွဲခန့် တွင် ဒေသခံခရီးသွားကချင်လူမျိုးတစ်ဦးမှ အစိုးရတပ်အား လာရောက်ပြောကြား ခဲ့သည့် အတွက် အစိုးရ တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ကြပြီး ထပ်မံရှာဖွေ ရာ ၎င်းမိုင်းနှင့် အနီးတွင် မိုင်းနောက်ထပ် တစ်လုံးကို တွေ့ရှိခဲ့ပြီး ဖယ်ရှားခဲ့ကြောင်း သိရှိခဲ့ရပါသည်။ 


ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်နေသော်လည်း အခုလို KIA မှဆက်လက်ပြီး မိုင်းထောင်မှု လုပ်ငန်းများကို လုပ်ဆောင်နေသောကြောင့် ဒေသခံများက ငြိမ်းချမ်းရေးပျက်ပြားသွားမည်ကို စိုးရိမ်နေကြ ကြောင်း၊ KIA ကလည်း အခွန်ငွေကောက်ခြင်း၊ မိုင်းထောင်ခြင်းကို ဆက်လက် လုပ် ကိုင်နေသောကြောင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို မလို လားကြောင်း   ဒေသခံ များ ၏ပြော ဆိုခဲ့ကြပါသည်။

From:KDN

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်