သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday 23 March 2013

မိတ္ထီလာမြို့ ၂၄၊၃၊၂၀၁၃ နံနက် (၈း၀၀နာရီ)အခြေအနေ



မိတ္ထီလာမြို့ ၂၄၊၃၊၂၀၁၃ နံနက် (၈း၀၀နာရီ)အခြေအနေ။ အခြေအနေအားလုံးတည်ငြိမ်နေပါတယ်။

ကယ်ဆယ်ရေးစခန်းများကလဲ စည်းကမ်းတကျ ဆောင်ရွက်နေသောကြောင့်စခန်းအပြင်ထွက် လက်ဘက် ရည်ဆိုင် ထိုင် ဟေလားဝါးလားလုပ်နေသော မြင်ကွင်းမျိုးကို မတွေ့ရပါဘူး။

မြို့ထဲရှိအပျက်အစီးများအမှိုက်များကိုလည်း တပ်တော်သားများမှစတင်ရှင်းလင်းပေးနေပါတယ်။ လည်ပင်း တွင် အနီပ တ်စည်းထားပြီး ထိုအနီပတ်ပေါ်တွင်(၇၀၈) ဆိုသောတံဆိပ်နှင့်ကြယ်ပွင့်ပါပါတယ်။


ကျွန်တော်က သံသယစိတ်ကြီးမားတတ်သူမို့ သူတို့ကလူမြင်ကောင်းအောင် ဟန်ဆောင်ပန်ဆောင် လုပ်နေတာ လား၊ တစ်ကယ်ကြိုးစားမာန်တတ် လုပ်နေတာ လားဆို တာကို သေသေချာ ချာ စောင့်ကြည့် ခဲ့ပါတယ်။ အမှန်တစ်ကယ်ကိုကြိုးစား ပမ်းစားလုပ်နေကြတာပါ။

သူတို့မျက်လုံးတွေမှာ လည်းမိတ္ထီလာမြို့အတွက်၊ ပြည်သူ့အတွက် အတတ်နိုင်ဆုံးကြိုးစားပေးကြ မယ် ဆိုတာ မျိုး ကို တွေ့ရပါတယ်။ ကျွန်တော်ဟာ စစ်တပ်အသိုင်းအဝိုင်း၊ အခေါ်အဝေါ်တို့နဲ့မနီး စပ်သောကြောင့် မည်သည့်တပ်ရင်း၊မည်သည့်တပ်မလက်အောင်ခံ တပ်ခွဲစသည်တို့ကိုတော့ဖော်ထုတ် ဂုဏ်ပြု နိုင်ခြင်း မရှိတာကိုတော့သည်းခံပေးပါ။

ဒါပေမယ့် သေနတ်ကိုင်တဲ့လက်တွေက တိုင်းပြည်အတွက် လိုအပ် လာလျှင် တံမျက် စည်းနှင့်ဂေါ်ပြား လည်းကိုင်ပါတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲခင်ဗျား။


From: မင်းသန့်အောင်(မိတ္ထီလာမြို)။

www.mmdailystar.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်