သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday 26 March 2013

ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှုးကြီး ရာထူး နဲ့  စတင်တာဝန်ထမ်းဆောင်

22552-Min Aung Hlaing
ဗိုလ်ချုပ်ကြီး အဖြစ် ကနေ နှစ်နှစ်လောက် အတွင်း မှာပဲ ဗိုလ်ချုပ်မှုးကြီး အဖြစ်
နဲ့  ရာထူးတာဝန် တွေ ကိုကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဒု- ဗိုလ်ချုပ်ကြီး 
မင်းအောင်လှိုင် က စတင် ထမ်းဆောင် တော့ မယ်လို့  စစ်ရုံးချုပ် နဲ့  နီးစပ်
သူ တွေ က တစ်ဆင့် FNG က သတင်း ရရှိ ပါတယ်။ 

သူဟာ ၁၉၅၆ ခုနှစ် မှာ တနင်္သာရီ တိုင်း ထားဝယ် မြို့  မှာ မွေးဖွား ခဲ့ သူ ပါတယ်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နောက် မှာ မြန်မာ နိုင်ငံ ရဲ့  ဒုတိယ မြောက် ဗိုလ်ချုပ်
မှုးကြီး ဖြစ် လာ ပြီး သူ့  ကို ယခု လို ရာထူး တိုးပေးတာ ဟာ ဗိုလ်ချုပ် ကြီး အဆင့်
လောက်သာ တာဝန်ယူခဲ့ဖူး တဲ့ မြန်မာ အစိုးရ အဖွဲ့  ထဲ က စစ်ဗိုလ်ချုပ် ဟောင်း
တွေ ကို သြဇာ လွှမ်းမိုး မှု ရှိ အောင် စစ်ရေး အမြင် နဲ့  ဆောင်ရွက်တာပါ လို့ 
စစ်ရုံးချုပ် က အရာ ရှိ တစ်ဦး က FNG  ကို ပြောပါတယ်။
မိတ္ထီလာ မငြိမ်သက် မှု တွေ ကို စစ်တပ် အနေဲ့  ကျကျ နန ကိုင် တွယ် ပြီးတဲ့ နောက်
မှာ သူဟာ ရာထူး တိုးမြှင့် ခံရတာ ဖြစ်ပါတယ်။
သူ့ ကို ရာထူး တိုးမြှင့် ပေး ဖို့  ယခင် စစ်ခေါင်းဆောင် ဟောင်း တွေ ဖြစ်တဲ့ ဗိုလ်
ချုပ်မှုးကြီး သန်းရွှေ ၊ ဒု – ဗိုလ်ချုပ်မှုး ကြီး မောင်အေး တို့  က အတည်ပြု ခဲ့ ပုံရတယ်
လို့  လဲ စစ်တပ် က လာ တဲ့ သတင်း  တွေ မှာ ဆို ပါတယ်။
 by FNG on March 26, 2013

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်