မလေးရှား ရွေးကောက်ပွဲ လက်ရှိ အာဏာရ ပါတီ BN(ချိန်ခွင်) ကပဲဆက်လက်အနိုင်ရ
မင်္ဂလာပါ
ယနေ့ မလေးရှားနိုင်ငံရဲ့ 13 ကြိမ်မြောက် ရွေးကောက်ပွဲအဖြေအရ BN ပါတီ (လက်ရှိအာဏာရ ပါတီ) ကပဲ မဲအပြတ်အသတ်နဲ့အနိုင်ရရှိသွားပါတယ်ခင်ဗျာ ။
မင်္ဂလာပါ
ယနေ့ မလေးရှားနိုင်ငံရဲ့ 13 ကြိမ်မြောက် ရွေးကောက်ပွဲအဖြေအရ BN ပါတီ (လက်ရှိအာဏာရ ပါတီ) ကပဲ မဲအပြတ်အသတ်နဲ့အနိုင်ရရှိသွားပါတယ်ခင်ဗျာ ။
ယခင် အများသူငှာ ခန့်မှန်းထားသလို အတိုက်အခံပါတီ ရဲ့ ရလဒ်များ တက်လာခဲ့ပေမယ့် BN ကပဲဆက်လက်အနိုင်ရရှိသွားပြီဖြစ်ပါတယ် အချို့သောမဲဌာနများရဲ့အဖြေကျန်နေသေးပေမယ့်လဲလက်ရှိမဲအရေအတွက်အရNajibအစိုးရကဆက်လက်အာဏရရှိပြီဖြစ်ကြောင်းယနေ့မလေးရှားနိုင်ငံပိုင်သတင်းဌာနများမှာတရားဝင်ကြော်ငြာသွားခဲ့ပြီဖြစ်ပါတယ် ။
ယခင် အများသူငှာ ခန့်မှန်းထားသလို အတိုက်အခံပါတီ ရဲ့ ရလဒ်များ တက်လာခဲ့ပေမယ့် BN ကပဲဆက်လက်အနိုင်ရရှိသွားပြီဖြစ်ပါတယ် အချို့သောမဲဌာနများရဲ့အဖြေကျန်နေသေးပေမယ့်လဲလက်ရှိမဲအရေအတွက်အရNajibအစိုးရကဆက်လက်အာဏရရှိပြီဖြစ်ကြောင်းယနေ့မလေးရှားနိုင်ငံပိုင်သတင်းဌာနများမှာတရားဝင်ကြော်ငြာသွားခဲ့ပြီဖြစ်ပါတယ် ။
အနိုင်ရရှိတဲ့စာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ ။
ပြည်နယ်နှင့်တိုင်းအလိုက်ဆိုပါက ပီနန်းပြည်နယ်တွင် အတိုက်အခံပါတီဖြစ်တဲ့ အများသိ ဒုံးပျံ့ က မဲပြတ် ၊ ipoh တွင် 56 ရာခိုင်နှုန်းအနိုင်ရရှိခဲ့ပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာတွင် BN က နေရာအများစုဖြင့် အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ် ။
ဆက်လက်ပြီး မလေးရှားနိုင်ငံသား တရုတ်လူမျိုးများ၏ Facebook များတွင် ဝမ်းနည်းသောအထိမ်းအမှတ်အဖြင့် ကိုယ်ပိုင်ပုံများမတင်ကြပဲ အမဲရောင် ဗြောင်ပုံများသာတင်ပြီး အနာဂတ်ပျောက်ပြီလို့ ဝမ်းနည်းသည့်အထိမ်းမှတ်တင်နေတာတွေ့ရမည်ဖြစ်ပါတယ် ။
အနိုင်ရ ပါတီဖြစ်တဲ့ လက်ရှိအစိုးရပါတီ အများသိ ချိန်ခွင်ကတော့ ယနေ့ ထပ်မံအောင်ပွဲခံကာ ဝန်ကြီးချုပ် Najib က ဆက်လက်အုပ်ချူပ်သွားမည်ဖြစ်ပါကြောင်း ယနေ့ မလေးရှားရောက် မြန်မာလူငယ်များအားလုံးဗဟုသုတရရှိစေရန်အလို့ငှာ အပြည့်အစုံဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။
နောက်ဆက်တွဲသတင်းတစ်ပုဒ်အနေနဲ့ ယနေ့ မလေးရှားရောက် မြန်မာများစိုးရိမ်နေကြတဲ့ ရွေးကောက်ပွဲအပြီး အာဏာရပါတီအပြောင်းအလဲရှိလာပါက အုပ်စု ၂ စုကြားပြဿနာများအတွင်း ပဲလှော်ကြားဆားညှပ်မဖြစ်ရလေအောင် အသွားအလာ သတိထားကြရန် သတိပေးထားပေမယ့် မနက်ဖြန်ကစပြီး ပုံမှန်အခြေသာ ရှိနိုင်ပါလိမ့်မည်ခင်ဗျာ ။
ယနေ့ ရွေးကောက်ပွဲနေ့အတွက် ဖြစ်စဉ် ဆန်းများကတော့ ဘင်္ဂလားနိုင်ငံသားများ မဲဝင်ပေးမှု့အတွက် ဒေါသထွက်စွာခိုက်ရန်ဖြစ်ပွားမှု့များ ဖြစ်ခဲ့ပေမယ့် အခြားကြီးမားတဲ့ ရန်ပွဲ မရှိခဲ့ပါဘူး ။ ပဲရတ်ပြည်နယ် ဖြစ်တဲ့ အီပို့ရဲ့ ပါလီမန်အဆောက်အဦးရှေ့တွင်သာ ၅ နာရီခန့်က ပြဿနာ တက်မည့်အခြေအနေ အထိ စိုးရိမ်စရာဖြစ်လာခဲ့ပေမယ့် Rala များ ၊ မီးသတ်များနဲ့ ထုံးစံအတိုင်း ရေပိုက် ၊ မီးခိုးဗုံးများ အဆင့်သင့်လုပ်ကာ လူစုခွဲမှု့ကြောင့် တစ်နာရီအတွင်းအခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ် ။
တစ်ဖန် ကျွန်တော်တို့ တင်ဆက်ပေးခဲ့တဲ့ ပထမ ဘလော့အတိုင်း ကလန်းဘက်တွင် ဘင်္ဂလားလူမျိုးများကွန်တိန်နာဖြင့်မဲလာပေးသည့်ဖြစ်စဉ်မှလွဲပြီး အားလုံး ချေနေမွေ့စွာပြီးဆုံးပြီဖြစ်ကြောင်း မနက်ဖြန် တင်္နလာနေ့တွင်သာ မလေးအုပ်စုများ စကားများပါက ဝင်မပါရန် နှင့် မိမိအလုပ်မိမိ ချောမွေ့စွာ သွားလာလုပ်ကိုင်နိုင်ပါကြောင်းကို ဧဒင်ဥယျာဉ်မှ အသိပေးရင်း ယနေ့အထူးသတင်းဖြစ်တဲ့ GE13 အဖြေကိုကြော်ငြာပေးလိုက်ပါတယ်။
ဘာသာပြန်
ဥယျာဉ်မှူးများ
www.edinooyin.com
နေဇော်လင်းဖေ့စ်ဘုတ်မှကူးယူတင်ပြပါသည်။
No comments:
Post a Comment