သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 6 May 2013

17-ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်ရဲ့ လမ်းမတွေပေါ်မှာ အစ္စလာမ်မစ် ဘာသာရေး အဖွဲ့ Hefajat –e- Islam နဲ့ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ဝင်တွေ အကြား မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ြ

 Horror Hefajat-e Islam Dhaka
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်ရဲ့ လမ်းမတွေပေါ်မှာ အစ္စလာမ်မစ် ဘာသာရေး  အဖွဲ့ Hefajat –e- Islam နဲ့ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့ဝင်တွေ အကြား မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး  အပြန်အလှန် တိုက်ခိုက်ကြတဲ့ အတွက် အနည်းဆုံး လူ ၄ ဦးသေဆုံးသွားခဲ့ပါတယ်။
ဒဏ်ရာ ရရှိပြီး ဆေးရုံရောက်သူက ၁၀၀ ကျော်ရှိတယ်လို့


ဆရာဝန်တွေက ပြောပါတယ်။ဒက္ကားမြို့တော်ရဲ့ အထင်ကရ နေရာတွေ တည်ရှိတဲ့ လမ်းမ အတော်တော်များများဟာ အပြန်အလှန် တိုက်ခိုက်မူတွေနဲ့ အတူ  မီးလောင်နေတဲ့ ကားတွေ၊ လမ်းဘေး ဈေးဆိုင်တွေ၊ မော်တော် ဆိုင်ကယ်တွေ၊ တာယာတွေနဲ့ အတူ အုတ်ခဲ၊ ပုလင်းကွဲ အပိုင်းအစတွေ ပြန့်ကြဲနေပြီး စစ်မြေပြင် တစ်ခုလို ဖြစ်နေခဲ့ပါတယ်။
Hefajat အဖွဲ့ရဲ့ အကြီးအကဲ တစ်ဦးဖြစ်သူ ဒက္ကားမြို့ တွဲဘက် အုပ်ချုပ်ရေးမှူး ဖြစ်သူည  Mufti Faizullan က ခုလို အပြန်အလှန် တိုက်ခိုက်မူတွေ အတွင်း သူတို့အဖွဲ့ထဲက လူ ၁၄ ဦး ကျဆုံးပြီး အလောင်းတွေကို အခင်းဖြစ်တဲ့ လမ်းမတွေဆီက ဆွဲယူ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီသေဆုံးမူ ကိန်းဂဏန်း အပေါ်မှာတော့ အစိုးရ တာဝန်ရှိသူတွေက အတည် မပြုသေးပါဘူး။
သတင်းစာတွေမှာ ဖေါ်ပြရာမှာတော့ ဒီအစ္စလာမ်မစ် အဖွဲ့ဝင်တွေဟာ လမ်းပေါ်မှာ သွားလာနေတဲ့ ကား ပေါင်း ၁၅၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီး အဲဒီအထဲမှာ ကုန်လမ်းသယ်ယူပို့ဆောင်ရေးပိုင် ဘတ်စ်ကား အစီး ၅၀ ခန့်ပါဝင်တယ်လို့ ဆိုပါတယ်။ ကားအစီး ၃၀ ကိုတော့  Rajuk လမ်းမတွေပေါ်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဘီဂျွိင်နာဂါ၊ ပလက်တင် ရပ်ကွက်တွေက ဈေးဆိုင် ၁၀၀  ခန့် မီးရှို့ခံခဲ့ရပြီး ဘီတူ မိုကာရမ်မှာ ဈေးဆိုင်အများအပြား လုယက် ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။
ဒက္ကားမြို့တော် တစ်ခုလုံး နေရာအနှံ့အပြားမှာ  အဆောက်အဦးတွေ၊ ဈေးဆိုင်တွေ၊ မီးပွိုင့်တွေလည်း အများအပြားလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ အကြမ်းဖက်သူတွေကို ရော်ဘာကျည်ဆံနဲ့ မျက်ရည်ယိုဗုံး ၅၀၀၀ ခန့် ပစ်ခတ် နှိမ်နှင်းခဲ့ရတယ်လို့ ရဲက ပြောပါတယ်။
Hefajat အဖွဲ့ဝင်တွေနဲ့ ရဲတွေအကြား ရုန်းရင်ဆန်ခတ် ဖြစ်မူဟာ ပလက်တင် အရပ်မှာ သူတို့အဖွဲ့ရဲ့ လူထု အစည်းအဝေး မလုပ်မှီ တစ်နာရီခန့် အလိုမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး နောက်ပိုင်းမှာ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အစ္စလာမ်မစ် Hefajat အဖွဲ့ဟာ မနေ့က ဒက္ကားမြို့ကို ကားတွေ အသွားအလာ မပြုနိုင်အောင် လေးဘက်လေးတန်က ပိတ်ဆို့ခဲ့ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေ့းဖို့ လက်ရှိ အ၀ါမီလိဂ် ပါတီ ဦးဆောင်တဲ့ အစိုးရကို တောင်းဆိုနေပါတယ်။
 အဲသလို ဒက္ကားမြို့တော်ကို ပိတ်ဆို့နောက် ထောင်သောင်းများစွာသော Hefajat အဖွဲ့ဝင်တွေဟာ အဲဒီနေရာတွေကနေ မြို့ထဲမှာ ပြုလုပ်တဲ့သူတို့အဖွဲ့ရဲ့ စည်းဝေးပွဲကို ချီတက်စဉ် ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မူတွေနဲ့ အတူ အပြန်အလှန် တိုက်ခိုက်မူတွေ ပါဝင်ပါတယ်။
ဘင်္ဂလာဒေခ်ျ့ အစိုးရကတော့ ဆန္ဒပြခဲ့ကြတဲ့ Hefajat အဖွဲ့ဝင်တွေကို မနေ့ညနေကတည်းက အိမ်ပြန်သွားကြဖို့ ပြောကြားခဲ့ပြီး မပြန်ဘဲ ဆက်လက် ဆန္ဒပြနေကြမယ်ဆိုရင် ပြင်းထန်တဲ့ အရေးယူမူတွေနဲ့ ကြုံတွေ့ရမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။
အတိုက်အခံ ဘင်္ဂလာဒေခ်ျ့ အမျိုးသား ပါတီ ဘီအန်ပီ ပါတီကတော့ Hefajat ရဲ့ လူပ်ရှားမူ အပေါ် ထောက်ခံခဲ့ပြီး ပါတီ ခေါင်းဆောင် ခါလစ်ဒါဇီယာကတော့  ဒက္ကား လူထုကို ရေတွေ၊ အစားအသောက်တွေကို ပံ့ပိုးပြီး ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီကနေ့ (မေလ ၆ ) ရက်နေ့မှာလည်း အခြေအနေတွေ မတည်မငြိမ် ဖြစ်လာနိုင်တဲ့ အတွက် စာသင်ကျောင်းတွေ၊ ဈေးဆိုင်တွေကို ပိတ်ထားသလို တနိုင်လုံး ကားအသွားအလာတွေလည်း ရပ်ဆိုင်းနေပါတယ်။
Hafajat အဖွဲ့ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက အင်အား အကြီးဆုံး အစ္စလာမ်မစ် အဖွဲ့ကြီး ဖြစ်ပြီး လက်ရှိ ဘင်္ဂလာဒေခ်ျ့ အစိုးရကို အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး စည်းကမ်းတွေ တင်းကျပ်ဖို့၊ အစ္စလာမ် ဘာသာကို စော်ကားသူတွေကို သေဒဏ်ပေးဖို့ စတဲ့ အချက် (၁၃) ချက်ပါ တောင်းဆိုချက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

နိရဉ္စရာသတင်းဌာန

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်