သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 6 May 2013

19-ဖေ့စ်ဘွတ်ခ်တွင်မြေးဖြစ်သူအားရောင်းချသည့်အဘိုး



အန်္ဒိယနိုင်ငံမြောက်ပိုင်း၊ ပန်ဂျပ်ပြည်နယ်၊လူဒီယားနားမြို့မှ အသက် ၄၇ နှစ်အရွယ်ရှိဖာ ရောက်ခန်အား မွေးကင်းစမြေး ဖြစ်သူအား ရောင်းချမှုဖြင့် ရဲများကဖမ်းဆီးခဲ့သည်။


ဖာရောက်ခန်သည်သမီးဖြစ် သူတက်ရောက်မီးဖွားခဲ့သော ဆေးရုံမှ ယာယီဝန်ထမ်းနှစ်ဦး၏ အကူအညီဖြင့် မွေးကင်းစမြေး ယောက်ျားေ လးအား ခိုးယူပြီး ဖေ့စ်ဘွတ်ခ်တွင်ရူးပီးလေးသောင်း ငါး ထောင်ဖြင့်ရောင်းချရန်စီစဉ်ခဲ့ သည်။
ကလေးရောင်းချမှုတွင်ပါဝင် ပတ်သက်နေသူအားလုံးအားဖမ်း ဆီးထားပြီး ကလေးအားဝယ်ယူ သည့်လုပ်ငန်းရှင်တစ်ဦးအားလည်း စစ်ကြောမေးမြန်းမှုများပြုလုပ်နေ ကြောင်း လူဒီယားနားရဲစခန်းမှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားလိုက်သည်။

ကလေးအားရဲများက ကယ်တင်လိုက်ပြီး အိမ်ထောင်နှင့် ကွဲကွာနေသည့်မိခင်ဖြစ်သူ နိုရီခန်၏လက်သို့ပြန်လည်အပ်နှံခဲ့ သည်။ နိုရီခန်သည်ကလေး ပျောက်ဆုံးမှုအတွက်ဖခင်ဖြစ်သူ အားတိုင်ကြားခဲ့သူလည်းခဲ့သူ လည်းဖြစ်သည်။
ကလေးခိုးယူရာတွင်ပါဝင် ပတ်သက်သူ (၃) ဦးအား တရား စွဲဆိုထားပြီး ပြစ်မှုထင်ရှားပါက ၎င်းတို့အနေနှင့် ထောင်ဒဏ် (၇) နှစ်ထိပြစ်ဒဏ်ကျခံရဖွယ်ရှိသည်။
၂၀၁၁ ခုနှစ်အတွင်းက လူပေါင်း ၅၀၀၀ကျော်ပါဝင်သော ကလေးခိုးဂိုဏ်း ၈၁၅ ဂိုဏ်းတို့က ကလေးများအားခိုးယူပြီးပြည့်တန် ဆာအဖြစ်သော်လည်းကောင်း၊ သူတောင်းစားများအဖြစ်သော် လည်းကောင်း အိန်္ဒိယနိုင်ငံ တစ်ဝှမ်းတွင် ခိုင်းစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကတရားရုံးတွင်သက်သေ ခံခဲ့သည်။


Source: DailyChilli
ဥက်္ကာအောင်

HotNewsWeekly

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်