သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 6 May 2013

21-အိမ်ဖော်မလေးအား ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထုကြောင်း


Monday,May 06,2013


အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ စံနမူနာဖြစ်ရေးအတွက်
အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူ ထားခြင်းခံရသော နွမ်းပါးအိမ် ဖော်မိန်းကလေးတစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုးသမီးဖြစ်သူ 



တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍ အိမ်ဖော်ဖြစ် သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီ မှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူမတင်တင်ထွေးမှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊ ညာမျက်လုံးဖူးရောင်၊ ဘယ်မျက် လုံးသွေးခြေဥသည့်အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင် အမျိုးသမီးအား စံနမူနာအဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူ ရန်လိုကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။


““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေး ကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ်ညှင်းဆဲတာကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက် သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင်အမျိုးသမီးက ငွေတစ်ထောင်ခိုးတယ်၊ ရေမချိုး ဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက် စဉ်းမလှဲဘူးစတဲ့ အကြောင်းပြ ချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရ သလောက် ဒီကလေးစရောက်တဲ့ နေ့ကစပြီး နှိပ်စက်တာ၊ ကလေး ကို ကယ်ဖို့တာမွေစခန်းကတာဝန် ရှိသူတွေသွားတော့လည်း အိမ် ရှင်အမျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထားရတဲ့ အိမ်ဖော်မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင်အမျိုးသမီးက လက်နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအမျိုး သမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆိုသည်။

အဆိုပါ အိမ်ဖော်မလေး အား အိမ်ရှင်အမျိုးသမီးမှ မ တရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင်ရွက်ထားရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော် ကျော်ခိုင်တို့အား Hot News မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ် တွင်း ထိန်းသိမ်းထားကြောင်း၊ စခန်းမှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး ၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူ မှာ အလုပ်မလုပ်သည်ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထုကြောင်း သိရှိခဲ့ သည်။

ခန့်ခန့်(ဒဿနိက)
ံHotNewsWeekly

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်