သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 6 May 2013

25-မြန်မာပြည်တွင်ဘိန်းတိုက်ဖျက်ရေး နောက်ထပ် ၅ နှစ် အချိန်ယူဖို့လိုအပ်

 

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် အရင်ကသတ်မှတ်ထားတဲ့ကာလထက် နောက်ထပ် ၅ နှစ်လောက် အချိန်ယူဆောင်ရွက်ရမယ်လို့ ဒုရဲချုပ်ဇော်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်တိုးများလာ
တဲ့အပေါ် အစိုးရအနေနဲ့ အထူးစိုးရိမ်ပူပန်သလို၊ အက်ဖက်တမင်း
အမျိုးအစား စိတ်ကြွဆေး ထုတ်လုပ်မှုပါ မြင့်တက်လာတယ်လို့ သူကပြောပါတယ်။

ဒါကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ပပျောက်ရေးနဲ့ မူးယစ်ဆေးဝါးကင်း
စင်ရေး စီမံချက်ကို ၂၀၁၉ နှစ်ထိ တိုးမြှင့်သတ်မှတ်လိုက်ရတယ်လို့ ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ ၆ နိုင်ငံအစည်းအဝေးမှာ ဒုရဲချုပ်က ပြောလိုက်
တာပါ။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေသတွင်း မူးယစ်ဆေး
ဝါး နှိမ်နင်းရေးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ သူကထပ်လောင်းပြောဆိုပါတယ်။

အခုကျင်းပနေတဲ့အစည်းအဝေးကို မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘော
ဒီးယားနဲ့ ဗီယက်နမ် နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးနေ
တာပါ။လာမယ့် ကြာသပတေးနေ့မှာတော့ ဒီ၆ နိုင်ငံကဝန်ကြီးအဆင့်ဆွေးနွေး
ပွဲကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ ကြေညာချက်
တစ်စောင် ထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယနေရာမှာရှိနေ
တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။ ဒီလိုဖြစ်နေတာဟာ မြန်မာနိုင်ငံမှာ ကာလကြာရှည်ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ဆက်နွယ်နေပြီး၊ အထူးသဖြင့် ထိုင်း၊ လာအို၊ မြန်မာနဲ့ တရုတ်နယ်စပ်မှာ ထုတ်လုပ်မှုမြင့်မားနေတာလို့ သိရပါတယ်။

RFA Burmese


No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်