
အီတလီနိုင်ငံရှိ ဆိပ်ကမ်းတစ်ခုတွင် သင်္ဘောတစ်စင်းက ရေလမ်းပြ
မျှော်စင်ကိုဝင်တိုက်ခဲ့သဖြင့် အနည်းဆုံး
လူ(၃)ဦး သေဆုံးသွားကြောင်း
သိရှိရသည်။
ကုန်တင်သင်္ဘောတစ်စင်းသည် ဗုဒ္ဓဟူးနေ့က
ဂျီနိုအာ ဆိပ်ကမ်း တွင် မျှော်စင်ကို မတော်တဆဝင်တိုက်မိရာ လူအသေအပျောက်ရှိခဲ့သလိုအချို့လည်း ပျောက် ဆုံးနေကြောင်း သတင်းများကဆိုသည်။
ယင်းဖြစ်စဉ်သည် ယမန်နှစ်က အီတလီတွင် ပေါ်ပေါက်ခဲ့သည့်
လူအသေအပျောက်များပြားခဲ့သော ခရုစ်သင်္ဘော ပြဿနာကြီး၏နာကျင်မှုများကို
ပြန်လည်နိုးကြွလာစေခဲ့သည်။ ယခုတစ်ကြိမ် သင်္ဘော မတော်တဆမှုတွင်
သားကောင်ဖြစ်သွားသော
မျှော်စင်၌ ထိုအချိန်က လူ(၁၄)ဦးမျှ ရှိနေခဲ့ကြောင်း သိရ သည်။ သင်္ဘောနှင့်
မျှော်စင် တိုက်မိသည့်နောက် မျှော်စင်သည်လည်း ရေထဲသို့ ကျသွားခဲ့ကြောင်း
မျက်မြင် များက ဆိုသည်။
From...Planet Myanmar Network
No comments:
Post a Comment