
အပေါ့သွားခြင်းကိုသင်ကြားရန် ခက်ခဲသည့် သမီးဖြစ်သူကို ရိုက်နှက်သည့်အပြင် လက်များကို
စူပါကော်ဖြင့်သုတ်ပြီး နံရံတွင်ကပ်ကာ နှိပ်စက်သည့် မိခင်တစ်ဦး အား ထောင်ဒဏ် တစ်သက်တစ် ကျွန်းပေးခဲ့ သည့်ဖြစ်ရပ်တစ်ခု အမေရိကန် ပြည်ထောင်စု ဒါးလာ့စ်မြို့တွင်ဖြစ်ပွားခဲ့သည်။
အသက် ၂ နှစ်အရွယ် သမီးဖြစ်သူသည် ဆိုးရွားစွာ အရိုက်ခံထားရသဖြင့် ဦးနှောက် တွင် သွေး ယိုစီးခြင်းကို ခံစားနေရ ကြောင်း ဆရာဝန်ဆေးစစ်ချက်ကို တရားရုံးသို့ တင်ပြထားခဲ့သည်။
အသက် ၂၃ နှစ်အရွယ် အဲလိဇဘတ် အက်စ်ကာလိုနာအား သမီးဖြစ်သူ ဂျို့စ်လင်း စီဒီလိုကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလ တွင် နှိပ်စက်ညှဉ်းပမ်း မှုဖြင့် ပြစ်မှုထင် ရှားသောကြောင့် ထောင် ဒဏ်တစ် သက်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ယမန်နေ့က တရားရုံးတွင် စီရင်ချက်ချစဉ် အစိုးရရှေ့နေက နံရံတွင် ကော်ဖြင့်ကပ်ထားခြင်းခံရသည့် ကလေးဖြစ်သူ၏ပုံများ ကို သက်သေအဖြစ် ထုတ်ပြခဲ့သည်။ ဂျို့စ်လင်းသည် ရိုက်နှက်ဒဏ်ကြောင့် ဦးနှောက်သွေး ယိုပြီး ဆေးရုံတွင် တစ်ပတ်ခန့် ကုသခံခဲ့ရသည်။ ထို့ပြင် ကလေးငယ်သည် နံရိုး တစ်ချောင်းလည်း ကျိုးသွားပြီး၊ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်လည်း ဒဏ်ရာများရရှိခဲ့သည်။
ကလေးသူငယ်နှိပ်စက်ညှင်းပမ်းမှု အကာအကွယ်ပေးရေးဌာနမှ ဒေါက်တာ အေမီ ဘာတန်က
“ကျွန်မတွေ့လိုက်ရတော့ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရတယ်။ တကယ့်ကို လူမဆန်စွာ လုပ် ထားတာပါပဲ” ဟုပြောကြား ခဲ့သည်။တရားရုံး က အက်စ်ကာလိုနာ ကို ထောင် ဒဏ်တစ်သ က် အဖြစ် ၉၉ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။
From: မောက္ခ
www.mmdailystar.com
No comments:
Post a Comment