

လွယ်တိုင်းလျံအခြေစိုက် RCSS/SSA အဖွဲ့မှ ကချင်-ရှမ်း နယ်နိမိတ် အစပ် နမ့်ခမ်းမြို့အထိ ကျူးကျော် ရောက် ရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများ နယ်လှည့်ရောင်းချနေသည့် စစ်မှု ထမ်း ဟောင်း (၅) ဦးပါ အဖွဲ့အား ပစ်ခတ်ဖမ်းဆီးရာ
(၄) ဦးသေဆုံးခဲ့သည်။ ၄င်းတို့ အဖွဲ့၏ အခြေချရာ နေရာ မှာ ထိုင်းနယ် စပ် လွယ်တိုင်းလျံတွင် ရှိသော်လည်း ၀ ဒေသ၊ ၀မ်ဟိုင်းအဖွဲ့၊ ပလောင်လက်နက်ကိုင် အဖွဲ့ နယ်မြေများကို ဖြတ် သန်း၍ ကေအိုင်အေနှင့် ဆက်စပ်နယ်မြေ အတွင်း ၀င်ရောက် တပ်စွဲလာခြင်း ဖြစ် ကာ ဒေသအတွင်း အကြမ်း ဖက်မှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် RCSS/SSA (ရွက်ဆစ်) အဖွဲ့မှ အဖွဲ့တစ်ခုသည်လည်း မူဆယ်မြို့နယ်၊
(၁၀၅) မိုင် အတွင်း ၀င်ေ ရာက် လှုပ်ရှားလျှက် ရှိကာ ၄င်းတို့
ဖြတ်သန်းသွားချိန်နှင့် ကြုံကြိုက်သည့် ဒေသခံ ခရီးသွားများအား ပစ် ခတ် ခဲ့
သည်။ အဆိုပါ ပစ်ခတ်မှုတွင် ပန်တိမ်းရွာမှ မောင်ထွန်းရင် (၂၀ နှစ်)
သေဆုံးခဲ့ပြီး မောင် သက် လွင် ဦးနှ င့် မဝေလွင်လှိုင် တို့(၂) ဦး ဒဏ်ရာ
ရရှိခဲ့သည်။ ၄င်းတို့အဖွဲ့မှ ကားလမ်းတွင် ၄င်းတို့ ရှိနေ မည်ဖြ စ်ကြောင်း၊
မည်သည့် ဖြတ်သန်း သွားလာမှု မဆို ၄င်းတို့ထံ ဆက်သွယ်၍ ဆိုင်ကယ်
တစ်စီးလျှင်(၅၀၀၀) ကျပ်၊ ကားသေး(၂၀၀၀၀)၊ ကားကြီး (၄၀၀၀၀) ပေးရမည်
ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။
ထို့ပြင် SSA ရင်း(၇၀၁)မှ ဗိုလ်မှူးအဆင့်ရှိ စံပန်း ခေါင်း ဆောင်သော
အဖွဲ့သည် မောင်မတာကျေးရွာနှင့် မန် ကွန်ေ ကျးရွာ အကြားရှိ ရွာသားများ၏
လယ်မြေ (၉)ဧက အား သိမ်းယူပြီး ၆ ပေအမြင့်ရှိ သံဆူးကြိုး ခတ် ကာ တပ်စခန်း
တစ်ခု အခိုင်အမာ တည်ဆောက်ထား ကြောင်း သိရသည်။ ၄င်းတို့ အဖွဲ့သည် အဆို
ပါဒေသ၌ အခိုင်အမာ ခံစစ်စခန်းများပြင်ဆင်ပြီး ရွှေလီမြစ် ကူးတို့ ဆိပ်မှ
ဖြတ်သန်းသွားသည့် ယာဉ်များ အား ၁ စီးလျှင် ငွေ ၁ သောင်းကျပ် ကောက်ခံလျှက်
ရှိကြောင်း ဒေသခံ များထံမှ သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်များအား ပြည်တွင်း မီဒီယာများမှ သောင်းကျန်းသူ အသားပေး
ဖော်ပြလျှက် ရှိပြီး SSA နှင့် ဆက်နွှယ် သူ လွှတ်တော်အမတ်များက အစိုးရ
စစ်ကြောင်းများ၏ တိုက်ခိုက်မှုကို ကန့်ကွက်ထားကြောင်း သိရ သည်။
တစ်ချိန်တည်းတွင် KIA အဖွဲ့မှ SSA အဖွဲ့များနှင့် ပူးပေါင်းကာ တပ်မတော်
စစ်ကြောင်းများကို တိုက် ခိုက် သွား မည် ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်ဟု
သိရသည်။
ငြိမ်းချမ်းရေးကို အကြောင်းပြု၍ နယ်မြေချဲ့ထွင်မှု၊ လက်နက်ကိုင်
အကြမ်းဖက်မှုများအတွက် မည်သို့ တုန့်ပြန် မည်ကို နမ့်ခန်း အခြေစိုက်
အရာရှိကြီးတစ်ဦးအား မေးမြန်းခဲ့ရာ တပ်မတော် အနေဖြင့် နယ်မြေ ချဲ့ ထွင် လာ
သည့် အဖွဲ့များနှင့် ထိတွေ့မှု ဖြစ်သည်မှ အပ သတ်မှတ် နယ်မြေ အတွင်းရှိ
စခန်းများကို လိုက် ခံ တိုက်ခိုက်ခြင်း မရှိကြောင်း၊ ငြိမ်းချမ်းရေး
တည်ဆောက်စဉ်ကာလအတွင်း စစ်မှုထမ်းဟောင်း (၄) ဦး အား အကြောင်းမဲ့ သတ်ဖြတ်ခြင်း
အတွက် တာဝန်ရှိသည့် ခေါင်းဆောင်များသို့ အကြောင်းကြား ထားေ ကြာင်း၊
မိမိတို့တပ်မတော် အနေဖြင့် တိုက်မည်ဆိုလည်း တိုက်မည်၊ ငြိမ်းချမ်းရေး
ယူမည်ဆိုလည်း ယူ မည်၊ အရာ အားလုံးမှာ အထက်က အမိန့်အတိုင်းသာ ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ဓာတ်ပုံ- SSA အဖွဲ့များ ကျူးကျော်သိမ်းယူပြီး တပ်စွဲထားသည့် နေရာနှင့်
၎င်းတို့ ပစ်ခတ် သတ်ဖြတ် မှုကြောင့် သေဆုံးဒဏ်ရာရခဲ့သည့် ဒေသခံ ပြည်သူများ
No comments:
Post a Comment