76-မြိတ်မြို့၌ ပီလောပီနံဥစားမိ၍ အစာအဆိပ်သင့်
၁၁.၅.၂၀၁၃၊ စနေနေ့
၂၀၁၃ ခုနှစ်၊ မေလ (၁၀)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် မြိတ်မြို့၊
အောင်မင်္ဂလာရပ်၊ သုခ (၃)လမ်းနေ မိသားစုတချို့သည် ပီလောပီနံဥ စားမိ၍
အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။
အစာအဆိပ်သင့်ဖြစ်ပွားသူ ကလေး (၁၀)ဦးကို မြိတ်မြို့ ကလေးဆေးရုံ၌
ဆေးကုသမှုခံယူလျှက်ရှိပြီး၊ လူလတ်ပိုင်း (၃)ဦးကို မြိတ်မြို့
အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း
သိရှိရသည်။ ပီလောပီနံဥကို စားသုံးမိ၍ အစာအဆိပ်သင့်သောသူများလည်း
ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ဆေးရုံရှိ တာဝန်ကျ
ဆရာဝန်များ၊ သူနာပြုများမှလည်း ပီလောပီနံဥ စားသုံးမိသူများကို
အစာအဆိပ်သင့်မှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆေးရုံသို့တက်ရောက်ပြီး ဆေးစစ်ဆေးမှုခံယူရန် ခေါ်ယူထားကြောင်း သိရှိရသည်။
Tanintharyi Thar
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
No comments:
Post a Comment