
မန္တလေးတိုင်း ဒေသကြီး တံတားဦး မြို့နယ် အမှတ် (၂)နယ်မြေ၊ နီးပါးတန်း ရပ်ကွက်ရှိ ဘေးလုံ ပရိယတ္တိ စာသင်တိုက်တွင် မေလ ၈ ရက် နံနက်ပိုင်းက သံဃာတော် ၁၂ ပါးနှင့် လူ ၃ ဦး အစာအ ဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။ စာသင် တိုက်တွင် ပြုလုပ်သည့် အလှူမှ ကျွေးမွေးသော
ကြက်သား ဒံပေါက်နှင့် ချည် ရည်ဟင်း၊ ငါးပိကြော်တို့ကို နံနက် ၅ နာရီအချိန်ခန့် က အရုဏ်ဆွမ်း ဘုဉ်းပေးပြီး ၄၅ မိနစ်ခန့် အကြာတွင် သံဃာ ၁၂ ပါးနှင့် စားသုံးမိသူ သုံးဦးတို့ အော့အန်ခြင်း၊ မူးဝေခြင်း၊ ၀မ်းလျှောခြင်း ဖြစ်ပေါ်ကာ တံတားဦး မြို့နယ် ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ကြောင်း ကျောင်းတိုက်မှ စာချဆရာတော် ဦးပဏ္ဍိစ္စက မိန့်ကြားသည်။
“ငါးပါးကတော့ လိုအပ်တာတွေ ကုသပြီး နေ့ချင်း ဆင်းလာတယ်။ ကျန်တဲ့ ခုနစ်ပါး ကတော့ (မေ ၁၀ ရက်) လောက်ကျရင် ဆင်းရမယ် ပြောတယ်။ လူသုံးယောက်ကတော့ ဒီနေ့ဆင်းခွင့် ရမယ်ကြားတယ်။ စိုးရိမ်စရာ အခြေအနေ မရှိတော့ပါဘူး"ဟု ဆရာတော်က မိန့်ကြားသည်။ အလှူရှင် ဆွေမျိုးများ အပါအ၀င် ကျောင်းတိုက် အတွင်းရှိ သံဃာ အချို့နှင့် အလှူလာ ဧည့်သည်အချို့ မူးဝေအော့အန်ကာ အစာအဆိပ်သင့် ဒဏ်ကို ခံစားခဲ့ ရကြောင်း၊ ဆေးရုံတက် ကုသရသည့် အခြေအနေမ ရောက်ခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ သည့် ဆရာတော်အချို့က မိန့်ကြားသည်။ ဆေးရုံတက် သံဃာများတွင် ပထမပြန် စာမေးပွဲဖြေဆို နေသည့် သံဃာ ငါးပါးပါဝင်သဖြင့် စာမေးပွဲကို ရပ်ဆိုင်း လိုက်ရကြောင်း ဆရာတော်က မိန့်ကြားသည်။
“ကျောင်းက အသက် ကိုးနှစ် လောက်ပဲရှိသေးတဲ့ ကိုရင်လေးဆို ပါးစပ်ထဲက အရည်တွေ ထွက်လာ တယ်။ ဆေးတွေလိုပဲ နံလည်းနံတယ်”ဟု ယင်းကျောင်းမှ ဆရာတော် ဦးဝိမလက မိန့်ကြားသည်။ တံတား ဦးမြို့ နယ် ဆေးရုံအုပ် ကြီးက ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခြင်း မပြုပေ။ တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာန တို့ထံမှလည်း အတည်ပြုချက် မရပေ။
From:ရိုးရာလေး
www.mmdailystar.com
No comments:
Post a Comment