အိန္ဒိယနိုင်ငံ၏
ပဲ့ထိန်းဒုံးပျံ စနစ်တစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းလုပ်ဆောင် နေမှုသည်
ဒေသတွင်း မတည်မငြိမ် ဖြစ်စေရေး ဆောင်ရွက်ချက် တစ်ရပ်အဖြစ် ရှုမြင်ထားကြောင်း
ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပါကစ္စတန် နိုင်ငံ၏ တာတိုပစ် ဒုံးပျံများသည် အိန္ဒိယနိုင်ငံ အပေါ် အဓိက စိုးရိမ်နေရသည့် အချက် (၃)ချက်အား ဖြေရှင်းရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စိုးရိမ်ပူပန် ရသည့် အချက် (၃)ချက်မှာ သမားရိုးကျ လက်နက် စနစ်များ အပြိုင်အဆိုင် တိုးတက် ထွန်းကားလာခြင်း၊ အိန္ဒိယ နိုင်ငံ၏ ထိုးစစ် အယူအဆနှင့် ပဲ့ထိန်းဒုံးပျံ စနစ် ဖွံ့ဖြိုးတိုးတက် လာခြင်းတို့ ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ အီဇက်အာမက် ချော်ဒရီက ပြောကြားခဲ့သည်။
အဆိုပါ စိုးရိမ်ပူပန် ရသည့် အခြေအနေ များကြောင့် ပါကစ္စတန် နိုင်ငံသည် နျူကလီးယား ထိပ်ဖူးတပ် တာတိုပစ် ဒုံးပျံ Nasr နှင့် Cruise ဒုံးပျံများအား ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းနှင့် ပါကစ္စတန် နိုင်ငံ၏ နျူကလီးယားနှင့် ဒုံးပျံ အစီအစဉ် များမှာ ခံစစ်ဆင် ကာကွယ်ရေး အတွက်သာ အသုံးပြုရန် ရည်ရွယ်ခြင်း ဖြစ်ပြီး ကျူးကျော် ရန်စလိုသည့် ရည်ရွယ်ချက် မရှိကြောင်းနှင့် အနိမ့်ဆုံး အဆင့် ဟန့်တားနိုင်ရေး အတွက် သာ ရည်ရွယ်ထားကြောင်း ၎င်းက ထပ်မံပြောကြား ခဲ့ကြောင်း သိရသည်။
http://bit.ly/10oFENJ

မြဝတီမှ
No comments:
Post a Comment