
နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း တာရာဗာ ပြည်နယ် ဘူဂါရီ မြို့တွင် မွတ်ဆလင်နှင့် ခရစ်ယာန် လူမျိုးစုများ ပဋိပက္ခများ ဖြစ်ပွား ခဲ့သောကြောင့်
လူ ၄၀ ခန့် သေဆုံး သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ပဋိပက္ခ ဖြစ်ပွား ချိန်တွင် လှုံဆော် သူများက နေအိမ်များကို မီးရှို့ခဲ့ကြ သောကြာင့် ယခုအခါ ညမထွက်ရ အမိန့်ကို ပင် အရေးပေါ်ထုတ် ပြန်ထားသည်။ နိုင်ဂျီးရီးယား ဒေသခံ ခရစ်ယာန် များက ဈာပန အခမ်းအနား ကို ရိုးရာ အစဉ်အလာ အတိုင်း မြို့အနှံ့ လှည့်လည် ကျင်းပခဲ့ရာ မွတ်စလင်များ ကြီးစိုး သည့်ဝါကာရီမြို့ သို့ ရောက်ရှိစဉ် မွတ်စလင်များက ဝင် ရောက်နှောက်ယှက် ခဲ့ကြရာမှ အချင်းများ ခဲ့ကြခြင်း ဖြစ် သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းကတိုင် ဝါကာရီတွင် ကျင်းပသည့် ဘောလုံး ပွဲ ပြဿနာကြောင့် မွတ်ဆလင်နှင့် ခရစ်ယာန် လူမျိုးစုများ၏ ပဋိပက္ခကို မီးစပျိုးပေး သကဲ့သို့ ဖြစ်ခဲ့သည်။
ခရစ်ယာန် ဒေသခံ ခေါင်းဆောင်၏ ဈာပနအခမ်း အနားတွင် ဓမ္မတေး ရွတ်ဆိုသံများကို နားမခံနိုင်ဟု ဆိုကာ မွတ်စလင်များက ဒေါသတကြီးဖြင့် ခရစ်ယာန် လူနည်းစု ဂျန်ကန် မျိုးနွယ်များကို အစုလိုက် အပြုံ လိုက် သတ်ဖြတ် ပစ်လိုက်ရုံမျှမက အလောင်းများကို ပင် ဖျောက်ဖျက် ပစ်လိုက်ကြသည်။ မွတ်စလင်-ခရစ် ယာန် အဓိကရုဏ်းမှ ထွက်ပြေး လွတ်မြောက်လာကြ သည့် ခရစ်ယာန်များ သည်လည်း ဒဏ်ရာများစွာ ရရှိ ထားပြီး ယင်းတို့အနက်မှ လူ ၃၀ ခန့်၏ အခြေအနေ သည် လွန်စွာဆိုးရွား နေသည်။ ယခုအခါ နိုင်ဂျီးရီးယားမြောက် ပိုင်း မွတ်ဆလင်များ သောင်းကျန်း နေမှုကြောင့် ခရစ်ယာန် ပေါင်းများစွာသည် အိုးအိမ်များစွာ စွန့်ခွာထွက်ပြေး နေကြရသည်။ ပြီးခဲ့သည့် လကလည်း ဘာဂါမြို့တွင် အစ္စလာမ် အစွန်းရောက် များက ခရစ်ယာန်လူမျိုးစု ၂၀၀ ကို သတ်ဖြတ်၍ အိမ် ၂၀၀၀ ကျော်ကို ဖျက်ဆီးခဲ့သည်။
From:ရိုးရာလေး
www.mmdailystar.com
No comments:
Post a Comment