နန်းခင်ဇေယျာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
နန်းခင်ဇေယျာလို့ ပြောလိုက်ရင် ပရိသတ်နဲ့ သိပ်မိတ်ဆက် ပေးစရာ
မလိုတော့ပါဘူး။ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ကျင်းပခဲ့တဲ့
နိုင်ငံပေါင်း ၆၈ နိုင်ငံက လှပျိုဖြူတွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss
International 2012 ပြိုင်ပွဲမှာ
Miss Internet နဲ့ People Choice Award
ဆုနှစ်ခု ရရှိခဲ့သူ Miss Myanmar နန်းခင်ဇေယျာဟာ အခုဆိုရင် အနုပညာ
လှုပ်ရှားမှုတွေအပြင် ပရဟိတ လုပ်ငန်းတွေမှာပါ တွေ့မြင်နေရပါတယ်။
နန်းခင်ဇေယျာကို မြန်မာပြည်သူ အားလုံးက ဝိုင်းဝန်းထောက်ခံ အားပေးခဲ့လို့
ဒီလိုနိုင်ငံ့ဂုဏ်ဆောင်ပြီး ပြန်လာရတယ် ဆိုရင်လည်း မမှားဘူးလို့ သူက
အမြဲပြောလေ့ ရှိတာပါ။ နန်းခင်ဇေယျာဟာ ဂျပန်နိုင်ငံက ပြန်လာပြီးတဲ့
နောက်ပိုင်း လွယ်ဟိန်း ကုမ္ပဏီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း
ခံခဲ့ရသလို Alpine ရေသန့်၊ Blue Mountain အချိုရည်တို့ရဲ့ ကြော်ငြာတွေ၊
ပိုစတာတွေ Bill Board တွေမှာ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကို
စတင်မြင်တွေ့လာရပါတယ်။ နောက်ပိုင်းတော့ ဓာတ်ပုံ ကြော်ငြာ တွေအပြင်
တီဗီကြော်ငြာ တွေမှာလည်း နန်းခင်ဇေယျာကို ပရိသတ်က လက်ခံလာခဲ့ပြီး ပရဟိတ
လုပ်ငန်းတွေအတွက် ပြည်တွင်းပြည်ပ ခြေဆန့် နေတာကို တွေ့ရပါတယ်။
နန်းခင်ဇေယျာက အခု လတ်တလောမှာ ၂၀၁၄ အတွက် ပြက္ခဒိန်တွေ ရိုက်ထားတယ်၊
ကြော်ငြာတွေလည်း ထပ်ရိုက် ထားတယ်၊ လွှင့်တော့မှာလို့ သိရတယ်။ အခု
လောလောဆယ်တော့ ဖက်ရှင်တွေကို လေ့လာ နေတယ်လို့ သူက ပြောပါတယ်။ နန်းခင်ဇေယျာ
ဟာအနုပညာ အလုပ်တွေ လုပ်နေရင်း မိုးအကုန် ဆောင်းဦးကနေ ပွင့်လင်းရာသီ
တလျှောက်လုံး တိုးဂိုက် အလုပ်ကို ဆက်လုပ် ဦးမယ်လို့ ဆိုပါတယ်။
အင်္ဂလိပ်နဲ့ ဂျာမန် နှစ်ဘာသာကို ကျွမ်းကျင်တဲ့ စကားပြန်၊ ရှမ်းပအို့ဝ်
တိုင်းရင်းသူလေး နန်းခင်ဇေယျာကို ဧရာဝတီ သတင်းထောက် နဒီထိုက်နဲ့
မြတ်သူအောင်တို့က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ နန်းခင်ဇေယျာ
ဓာတ်ပုံရိုက်တဲ့အခါမှာ ဖက်ရှင် အလန်းစားတွေ ရိုက်ဖြစ်လား။ မစ္စ
အင်တာနေရှင်နယ် သွားပြိုင်တုန်းက Two Piece နဲ့ ဓာတ်ပုံရိုက်ခဲ့ရတဲ့ အပေါ်
ခံစားချက် ပြောပြပါဦး။
ဖြေ။ ။ အလန်းစား
ဖက်ရှင်တွေတော့ မရိုက်ဖြစ်ပါဘူး၊ မရိုက်လည်း မရိုက်ချင်ပါဘူး။ ကိုးရီးယား
ဖက်ရှင်နဲ့ Hot ဖြစ်တဲ့ ဖက်ရှင် ပုံစံတွေတော့ ကြိုက်ပေမယ့် ညီမရဲ့ မျက်နှာ
Mood နဲ့ သိပ်မလိုက်ဘူး။ မယ်သွားပြိုင်တုန်းက Two Piece နဲ့
ရိုက်ခဲ့ရပေမယ့် ဒီမှာဆိုရင်တော့ ရိုက်ဖြစ်မှာ မဟုတ်သလို၊
ရိုက်မှာလည်းမဟုတ်ဘူး။ အဲဒီ နိုင်ငံမှာလည်း သူ့ရဲ့ Rule and Regulation
ကြောင့်သာ ၀တ်လိုက်ရတာ၊ ဒီမှာဆိုရင် ညီမက ဘယ်တော့မှလည်း ၀တ်မှာမဟုတ်သလို
ဝတ်ပြီးတော့လည်း ဓာတ်ပုံ အရိုက်ခံမှာ မဟုတ်ဘူး။ အဲဒီမှာတုန်းက Two Piece
နဲ့ ဓာတ်ပုံ အရိုက်ခံတော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားရတယ်၊
တခါမှလည်း မ၀တ်ဖူးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း မရှိခဲ့ဘူး။ ညီမ Two
Piece ဝတ်စုံကိုလည်း ကောင်းကောင်း မရခဲ့ဘူး၊ သူများဝယ်ပေးတာပဲ ၀တ်ခဲ့ရတယ်။
မေး။ ။ တချို့က ကိုယ့် ကိုယ်ခန္ဓာမှာ အပြစ်အနာအဆာတွေ ရှိလို့ Two Piece နဲ့ မရိုက်ချင်ကြဘူးလေ။ ဥပမာ -အမာရွတ်တို့၊ ဘာတို့ပေါ့။
ဖြေ။ ။ ညီမမှာတော့ အမာရွတ်တွေ မရှိပါဘူး (ရယ်လျှက်)။
မေး။ ။ ဆီးဂိမ်းနဲ့ ပတ်သက်ပြီးတော့ ဘာတွေလုပ်နေလဲ။ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းနဲ့ ပတ်သက်ပြီး ရင်ခုန်လား။
ဖြေ။ ။ ဆီးဂိမ်းကြော်ငြာက
ကိုမြင့်မြတ်နဲ့ ရိုက်ထားတယ်။ ဆီးဂိမ်း ဇာတ်လမ်းတို လေးတွေလည်း
ရိုက်ထားပါတယ်။ ဆီးဂိမ်းအတွက် ကတော့ အရမ်းလည်း ရင်ခုန်ပါတယ်။ နောက်
မြန်မာဆိုတာကို ကမ္ဘာကနေ သိရအောင် ဆုတွေလည်း ရစေချင်ပါတယ်။ ကိုယ်တောင်
နေပူထဲမှာ ဆီးဂိမ်း အတွက် ကြော်ငြာတွေ ရိုက်ရင်း ဒီလောက်ပူနေတာ၊ သူတို့တတွေ
ကြိုးစားပြီး လေ့ကျင့်နေရတာပါ။ ဆုတွေ အများကြီး ရစေချင်ပါတယ်။
မေး။ ။ သရုပ်ဆောင်လုပ်ဖို့ ဘာတွေ လေ့လာထားလဲ။
ဖြေ။ ။ ဇာတ်ကားရိုက်ဖို့
ကမ်းလှမ်းတာကတော့ International ပြိုင်ပွဲပြိုင်အပြီး ကမ်းလှမ်းလာတာတွေ
အများကြီးပါ။ နောက်ပိုင်း ရုပ်ရှင်တွေ လေ့လာဖြစ်တယ်။ သရုပ်ဆောင်ပညာက
နက်နဲပါတယ်။ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ညီမလည်း လေ့လာရဦးမယ်။ သေသေချာချာကို
ကြိုးစားရမှာပါ။ သင်လည်း သင်ယူရဦးမှာပါ။ လေ့လည်းလေ့လာနေတယ်။ သင်တန်းတွေ
တက်ဖို့ကတော့ အချိန်မရှိလို့ အခုတော့ ဇာတ်ကားတွေ ကြည့်ပြီး လေ့လာနေပါတယ်။
စီနီယာအစ်ကို၊ အစ်မတွေ ဆီကလည်း လေ့လာနေပါတယ်။
မေး။ ။ နန်းခင်ဇေယျာကို ပရဟိတ လုပ်ခန်းတွေမှာလည်း တွေ့ရတယ်။ ဆက်ပြီးတော့ ဘာတွေလုပ်ဦးမလဲ။
ဖြေ။ ။ နောက်ပိုင်း
တတ်နိုင်တဲ့ဘက်ကလည်း ကူညီသွားမှာပါ။ ပရဟိတ ဆိုရင် တလောက မီးလောင်ခဲ့ပြီး
ဝေဒနာ ခံစားနေရတဲ့ ဖူးဖူးလေးကို သွားအားပေးတယ်၊ အလှူငွေတွေ လှူပါတယ်။
အခုဆို ဖူးဖူးလေးက အဲကွန်းခန်းထဲ နေရပြီ။ အဆင်ပြေသွားမယ် ထင်ပါတယ်။
facebook မှာလည်း သူ့အကြောင်းတွေ ရှယ်ပေးထားလို့ အဆင်ပြေလာမယ် ထင်ပါတယ်။
ပြည်တွင်းအနေနဲ့တော့ အလှူငွေ မကောက်ခံပါဘူး။ ပြည်တွင်းက လူတွေက ကိုယ်တိုင်
သွားအားပေးတာမျိုး၊ နောက် ကိုယ်တိုင် ဖူးဖူးမိခင်ဆီ ငွေလှူဒါန်းတာတွေ
လုပ်စေချင်တယ်။
မေး။ ။ ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းကိုရော ရောက်သေးလား။
ဖြေ။ ။ ဦးကျော်သူရဲ့
နာရေးအသင်း ကိုတော့ တလ ၂ ကြိမ် သွားပါတယ်။ ဒီလကုန်ရက်ဆို သွားပါမယ်။
လုပ်နိုင်တာ အားလုံးကို စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်မှာပါ။
မေး။ ။ ပြည်ပမှာရော ပရဟိတ အလုပ်တွေသွားလုပ်ဖို့ ရှိလား။
ဖြေ။ ။ ပြည်ပ အနေနဲ့ ဂျပန်မှာ
ပရဟိတ လာလုပ်ဖို့ ဖိတ်ခေါ်ထားတာရှိတယ်။ နောက် စက်တင်ဘာမှာ
လောစ်အိန်ဂျယ်လိစ်မှာ ပရဟိတတွေ လုပ်တဲ့သူ အနေနဲ့ ကမ်းလှမ်းထားတာ ရှိတယ်။
ဇွန် လ ၁၆ ရက်ကနေ ၁၉ အထိကို ထိုင်းကနေ ဖိတ်ခေါ်ထားတာရှိပေမယ့် မသွားဖြစ်ဘူး။
မအားလို့ မသွားဖြစ်ဘူး။
မေး။ ။ လူမှုရေးနဲ့ အနုပညာအလုပ်တွေနဲ့ ရှုပ်နေတော့ တိုးဂိုက် ပြန်လုပ်ဖို့ရော အချိန်ပေးနိုင်ရဲ့လား။
ဖြေ။ ။ တိုးဂိုက်က ညီမ
နားထားတာ မဟုတ်ပါဘူး။ တိုးရာသီက Open Season တွေမှာပဲ လုပ်ကြပါတယ်။
ဆောင်းတွင်းနဲ့ နွေဦး ကာလတွေ မှာပေါ့။ ညီမ အခုမှ နားလိုက်တာလည်း
မဟုတ်ပါဘူး။ နှစ်တိုင်း နားတာပါ။
မေး။ ။ တိုးဂိုက်အလုပ်နဲ့ အနုပညာအလုပ် တခုခုကို ရွေးပါဆိုရင် ဘာကိုရွေးမလဲ။
ဖြေ။ ။ အနုပညာကိုတော့
ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဂိုက်မှာလည်း အချိန်ပေးပြီး စာကို မနည်းဖတ်ပြီး
လေ့လာ ထားရတယ်။ မစ္စ အင်တာနေရှင်နယ် ဆုကိုလည်း ခက်ခက်ခဲခဲနဲ့ ရခဲ့တယ်။
အဲဒါကြောင့် နှစ်ခုစလုံးကိုတော့ မစွန့်လွှတ်ချင်ဘူး။
မေး။ ။ နန်းခင်ဇေယျာဆိုပြီး
ပြည်သူတွေက ချစ်လာတယ်၊ ပရဟိတ လုပ်ငန်းတွေ အောင်မြင်တာလည်း အခုလို ပရိသတ်
ချစ်တဲ့ အနုပညာရှင် ဖြစ်သွားလို့လို့ ပြောလို့ရလား။
ဖြေ။ ။ ပါတာပေါ့၊ ညီမရဲ့
ပရိသတ်တွေကို ညီမ လေးစားရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်တွေ
နေရာပေးလို့ အခုလို နေရာတခု ရခဲ့တာပါ။ အားပေးကြပါလို့၊ ပရိသတ်ကိုလည်း ညီမက
အမြဲ ချစ်ခင်လေးစားပါတယ်လို့ ပြောချင်ပါတယ်။
ဧရာဝတီ မှ အလင်းရောင်ကြယ်များ
Subscribe to:
Post Comments (Atom)
နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1583)
-
▼
July
(179)
- ၁-၈-၂၀၁၃ မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်...
- ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ
- ထမင်းစားပြီး လူလို နားမလည်
- မြန်မာ ရေဘေး ဒုက္ခသည် သုံးသောင်း ကျော် ပြီ
- ဇေယျာသော် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဖေ့ဘွတ်တွင်ေ...
- စစ်ကိုင်းတွင် ဆေးဖက်ဝင်လောက်သေပျိုးပင်ပေါက်များ ၀ယ...
- တကိုယ်ရေ အာသာဖြေခြင်း၏ ကောင်းကျိုးများ (အမျိုးသမီး...
- ဂျပန်နိုင်ငံမှ အတုယူစရာ သင်ခန်းစာ ( ၁၀ ) ချက်
- ပြန်ခြင်မလေးရှားရောက်မြန်မာများ-မြန်မာပြည်သို့  ပြ...
- ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အစိုးရယန္တရားကို အ...
- ရေဘေးသင့် ပြည်သူများအား လုံခြုံရေးဝန်ထမ်းများက ကယ်...
- ကမ်းလွန်ပင်လယ် ရေတပ် ကင်းလှည့် သင်္ဘောများ တည်ဆောက်ရ...
- ထိုင်းဘုရင်ဟောင်း၏ အရိုးအိုးအား ဖွင့်လှစ်စစ်ဆေးခဲ့...
- ရန်ကုန်မြို့၊ ယာဉ်နောက်လိုက်၏ ဦးခေါင်း၊ (၃၉) အထူး...
- နောင်ချိုမြို့အ၀င် အဝေးပြေးလမ်းမကြီးပေါ်၌ စိတ်ကြွရူ...
- ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ...
- မုန်တိုင်း ၂ခုကြားကျရောက်မည့် အခြေအနေကြောင့် မိုြး...
- ၃၁-၇-၂၀၁၃နေ့ အိမ်ထောင်မရှိသူ အမျိုးသားတွေကို ပါပူဝ...
- မြဝတီမြို့ရေဘေး အနည်းဆုံး ၆ ဦးသေ၊ ၃ ဦး ပျောက်ဆုံးနေဆဲ
- ကုန်းတွင်းအင်တာနက်ဆက်ကြောင်း ပြင်ဆင်ပြီးပါက အမြန်န...
- ကိုရီးယားစစ်ပွဲ နှစ် ၆၀ ပြည့် စစ်ရေးပြအခမ်အနား မြေ...
- ကလေးများ ပြည့်တန်ဆာများအဖြစ် အသုံးချခံရမှု FBI နှိ...
- ဖက်ယာ့ဟု ခေါ်သော အသီးအရွက်ပိုးမွှား ဦးနှောက်တွင်းဝင...
- ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ် ၄၉ လမ်းထောင့် တ...
- လပြည့်ဝန်းပလာဇာတွင် မီးလောင်မှုဖြစ်ပွား
- ပိုင်နက် အငြင်းပွားရေပြင်တွင် တရုတ်ကို ချိန်ခွင်လှ...
- ထိုင်းတွင် နိုင်ငံကူးလက်မှတ် မရရှိသေးသည့် မြန်မာရေ...
- ယာဉ်စီးခပိုမိုကောက်ခံနေခြင်းပြဿနာအား တာဝန်ရှိသူမျာ...
- ဦးဝီရသူအား အကြမ်းဖက်သမားဟု ဒေါ်စု ၏ နောက်လိုက်များ...
- ၃၀-၇-၂၀၁၃ ပဲခူးတိုင်းဒေသကြီးအတွင်း အူကျွံ ယောင်္ကျာ...
- အင်တာနက်ပေါ်တွင် ဟိုးလေတစ်ကျော်ကျော် ဖြစ်ခဲ့သော နည်...
- အသွင်မတူသောတိရစ္ဆာန်တွေမှာ ဖေါ်မပြနိုင်တဲ့  ချစ်ခြင်...
- မြန်မာ့ရေတပ်သင်္ဘော မောင်တောသို့ အ၀င်အထွက်အတွက် နယ်စ...
- လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရ...
- ၂၉-၇-၂၀၁၃ စိုင်းစိုင်းခမ်းလှိုင်နှင့် Bobby Soxer က...
- ၂၈-၇-၂၀၁၃ "မင်္ဂလာ အခမ်းအနားကို ဖော်ပြခြင်း"
- အာဖရိကတိုက်တွင် အမျိုးသမီး သန်း ၁၀၀ ကျော်သည် မိသား...
- မြန်မာနိုင်ငံ အနောက်ဘက် ရခိုင် နယ်စပ်တွင် မြန်မာဘက...
- ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း အတွင်းရှိ သားဈေး...
- ထိုင်းနိုင်ငံတွင် စတန့်ပြကွက် ပြသနေစဉ် အတွင်း စတန်...
- တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရန် အာဆီယံဒေ...
- မလေးရှား အင်မီဂရေးရှင်းမှ ထုတ်ပြန်ချက် အပြည့်အစုံ ...
- တရုတ်သို့ တင်ပို့မည့် ခွေးများအား တိရစ္ဆာန်ဆေးကု ဆရ...
- အမေရိကန်တွင်သာ ရှိသော ကိုယ်ပျောက် တိုက်လေယာဉ် (Ste...
- ၂၇-၇-၂၀၁၃ လူပြောများတဲ့ အမြန်လမ်း အကြောင်းကို လောေ...
- ၂၆-၇-၂၀၁၃ ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြေ...
- ၂၆-၇-၃၀၂၃ တေးရေး(မြသန်းစံ)ပြည်ထောင်စုရဲ့ ချစ်ခြင်...
- ၂၆-၇-၂၀၁၃ တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃...
- ၂၅-၇-၂၀၁၃ မြန်မာအလုပ်သမားများအတွက် အထူးလျှောက်ထားခ...
- ၂၅-၇-၂၀၁၃ ခင်ပွန်း ယောင်္ကျားထံ ပြန်မသွားနိုင်အောင် ...
- အသုံးမကျသောဗဟုသုတနည်းပါးသောမိဘကြောင့်  သားသမီးခမျာ...
- သံသယရှိဘွယ် ထိုင်းနိုင်ငံမှဆက်သွယ်ရေးပစ္စည်းမြန်မာဆ...
- ၂၄-၇-၂၀၁၃ စာရွက်ပေါ်မှာ ဘောင်ကြီး ကွပ်ထားတာ မြင်ရဲ့...
- ၂၄-၇-၂၀၁၃ ရန်ကုန်မြို့ ၌ အဆင့်မြင့်ဘတ်စ်ကား ပြေးဆဲ...
- ၂၄-၇-၂၀၁၃ မန္တလေးအိုဘိုထောင်မှာ ဒီနေ့ ဇူလိုင် ၂၃ရက...
- ၂၄-၇-၂၀၁၃ မလေရှား အင်မီဂရေးရှင်းမှ မြန်မာပြည်ပြန်မ...
- ၂၃-၇-၂၀၁၃ နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော် လွတ်မြောက်
- ၂၃-၇-၂၀၁၃ မန္တလေးမြို့ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ...
- ၂၃-၇-၂၀၁၃ ဘုရားငါးများ မပေါ်ခဲ့သော်လည်း ကျောင်းတော်...
- ၂၂-၇-၂၀၁၃ ဘာသော့ မှမလိုပဲ ဘောလ်ပင်တစ်ချောင်းထဲနှင်...
- ၂၂-၇-၂၀၁၃ ဘွဲ့များသခင် ဘွဲ ၁၈ ခုပိုင်ရှင်
- ၂၁-၇-၂၀၁၃ အိမ်နီးချင်း နိုင်ငံများက ရေတပ်အင်အား တ...
- ၂၁-၇-၂၀၁၃စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုး...
- ၂၀-၇-၂၀၁၃ စယ်လီဗစ်တီတွေရဲ့... ဖြစ်ရပ်မှန် ဇာတ်လမ်...
- ၂၀-၇-၂၀၁၃ပေါက်တောမြို့နယ်တွင် ကျွဲ(၄)ကောင်နှင့်အတူ...
- အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီး...
- ၁၉-၇-၂၀၁၃ အာဇာနည်နေ့ အခမ်းနားမြင်ကွင်းပုံများ
- ၁၉-၇-၂၀၁၃ ၆၆ကြိမ်မြောက် ၁၉ဇူလှိုင် အာဇာနည်နေ့ အမှတ်...
- ကျုးဘား က ဒုံးလက်နက် တွေ သယ်လာတဲ့ မြောက်ကိုရီးယား ...
- ၁၆-၇-၂၀၁၃ မန္တလေးတွင် အဖမ်းခံရသည့် မိန်းမလျာများ ရဲ...
- ၁၆-၇-၂၀၁၃ မြန်မာပြည်မှာအရေးပေါ်၁၉၉ ဖုန်း မကိုင်တာ ဘ...
- ၁၆-၇-၂၀၁၃-ဆိုင်ကယ်ထိုင်ခုံအောက် ငွေထည့်တတ်သူများ သ...
- ၁၆-၇-၂၀၁၃ "မလေးရှားရောက်မြန်မာနိုင်ငံသားတွေပြန်ခေါ်...
- ၁၆-၇-၂၀၁၃ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် နိုင်...
- ၁၆-၇-၂၀၁၃ ကိုမြအေး၊ ဝေနှင်းပွင့်သုန်နဲ့ BCUK
- ၁၆-၇-၂၀၁၃ မီးခိုးငွေ့ များနျင့် အနုပညာဖန်တီးမှု့ ကြ...
- ၁၆-၇-၂၀၁၃ " ကံ " ကို အားကိုတဲ့ ငါး ရယ် ၊ " ဥာဏ် " ...
- ၁၅-၇-၂၀၁၃ ချစ်စမ်းမောင်-နိုင်ဇော်တို့ လောက်တော့ သန...
- ၁၅-၇-၂၀၁၃ ရခိုင် အနောက်ဘက် နယ်စပ် လုံခြုံရေး ပြည်ထ...
- ၁၅-၇-၂၀၁၃ ရှမ်းပြည်နယ်က လက်နက်ကိုင်တပ်ဖွဲ့ တခုက...
- ၁၅-၇-၂၀၁၃ ပေါက်ပေါက်ရှာရှာ ရွ့ံ့စေးကိုယူရေနီယမ်သတ...
- ၁၅-၇-၂၀၁၃ ဘယ်သူမှမလုပ်ရဲသောလူအများသေစေနိုင်သောအလုပ...
- ၁၅-၇-၂၀၁၃ ရယ်စာရာအတွေးစာမျက်နှာ
- ၁၅-၇-၂၀၁၃ ထူးထူးခြားခြား အိမ်ပေါ်နွားပြုတ်ကျလို့သေတ...
- ၁၄-၇-၂၀၁၃ တာဝန်ကျေပြွန်နေသောမဟာရန်ကုန် မြို့ တော်ယ...
- ၁၄-၇-၂၀၁၃ နာမည်ကျော် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ ပြည်တ...
- ၁၄-၇-၂၀၁၃ မျိုးစောင့် ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီ...
- ၁၄-၇-၂၀၁၃ မြန်မာနိုင်ငံ အတွင်းရှိ ကျွဲ၊ နွားများ ...
- ၁၄-၇-၂၀၁၃ တေးသံရှင်အဆိုတော်(So Tay)အရေးပေါ်ကျမ္မာရေး...
- ၁၃-၇-၂၀၁၃ မြန်မာယဉ်ထိမ်းရဲ ဂမ်းနားစတိုင်လ်(သရုပ်ဆေ...
- ၁၃-၇-၂၀၁၃ ဖုန်း ဓာတ်အားသွင်း နေတုံး ဖုန်းကိုအသုံး...
- ၁၃-၇-၂၀၁၃ ရိုင်းပြတာမဟုတ်ပါဘူး လူနေမှု့ စနစ်ကျမ္မာရေ...
- ၁၃-၇-၂၀၁၃ မလေးရှားတွင်ဖွင့် သောမဟာနန်းမြန်မာဆိုင်မ...
- ၁၃-၇-၂၀၁၃ လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကသခွတ်ပင်ရွာ...
- ၁၃-၇-၂၀၁၃ အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စ...
- ၁၃-၇-၂၀၁၃ စိတ်ရောဂါ ခံစားနေရသူမိခင်ကသားငယ်ကိုကတ်ကေ...
- ဘွဲ့ရလူငယ်တွေ အများအပြား အလုပ်လက်မဲ့ ပြသနာ နဲ့ ကြ...
- ၁၃-၇-၂၀၁၃ တာချီလိတ် အရှေ့မြောက်ဖက်မှာ မြောက်ကိုရီ...
- ၁၃-၇-၂၀၁၃ ရန်ကုန် လုံခြုံရေး တိုးမြှင့်ချ
- ၁၃-၇-၂၀၁၃ ရုပ်ရှင်မင်းသားနေထက်လင်း စကားတစ်ခွန်း
-
▼
July
(179)
No comments:
Post a Comment