
အမေရိကန် နိုင်ငံမှ ရက်ပ်တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Kris Kross rap duo of the 1990s အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သည့်
အသက် (၃၄) နှစ် အရွယ် Chris Kelly သည် မူးယစ်ဆေး အလွန်အကျွံ ထိုးသွင်းမိပြီး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
toxicology screening နည်းပညာဖြင့် စမ်းသပ် စစ်ဆေးချက် အရ Kelly ၏ ခန္ဓာကိုယ်ထဲတွင် မူးယစ်ဆေးဝါးများ စစ်ဆေး တွေ့ရှိခဲ့ရကြောင်း သို့သော် မည်သည့် မူးယစ်ဆေးမျိုး သုံးစွဲထားသည်ကို မသိကြောင်း အတ္တလန္တာရှိ Fulton County Medical စစ်ဆေးရေး ရုံးမှ စုံးစမ်း စစ်ဆေးရေးမှူး Betty Honey မှ သတင်း ထုတ်ပြန်ခဲ့သည်။ ရဲဌာန၏ အစီရင်ခံစာတွင်မူ Kelly သည် ကိုကင်းနှင့် ဘိန်းဖြူ သုံးစွဲသူ တစ်ဦးဖြစ်ကြောင်း မိခင်ဖြစ်သူက ဖြောင့်ချက်ပေး ပြောကြားထားကြောင်း ဖော်ပြ ပါရှိပါသည်။
Source: billboard-MR T.V 4
No comments:
Post a Comment