သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday, 3 May 2013

57-အင်းလေးကန် ရေ ပုံမှန်သာ ရှိနေဟုဆို


အင်းလေးကန် ရေခန်းနေမှုသည် ယခင် သုံးနှစ်ခန့်က ရေခန်းမှုကဲ့သို့ ဖြစ် မလာနိုင်ဟု ဆည်မြောင်း ဦးစီးဌာနမှ သိ ရသည်။
အင်းလေး ဖောင်တော်ဦး ဘုရား အရှေ့ဘက် လမ်းကြောင်းသည် ယခင် နှစ်က ရေမခန်းခဲ့သော်လည်း


ယခုနှစ် တွင် အလယ်ရေလမ်း တစ်ခုသာ ရှိပြီး လှေကပ်သည့် နေရာများမှာ မြေပေါ် နေကြောင်း သိရသည်။
”ရေကတော့ နှစ်စဉ် ပုံမှန် ရှိတဲ့ အတိုင်းပဲ။ ၂ဝ၁ဝ ကလို မခန်းပါဘူး။ လူမသိဘဲနဲ့ ၂ဝ၁ဝ ကထက် ဆိုးတဲ့ နှစ် တွေလည်း ရှိတာပဲ။ ၂ဝဝ၅ ခုနှစ်က ဆို လည်း ခန်းတာပဲ။ ဒီလိုပဲ ပြန်လည် ထိန်းသိမ်း တူးဖော်မှုတွေ လုပ်ခဲ့ တာပါပဲ” ဟု ၄င်းဌာနမှ ဦးစီး အရာရှိ ဦးကျော် ကျော်ဦးက ပြောသည်။
၎င်း ဖောင်တော်ဦး ဘုရားအရှေ့ဘက် ရေလမ်းကြောင်း ခန်းသည့်နေ ရာအား ယခုလ ၂ဝ ရက်နေ့တွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးခင်ဇော် သည် ကြည့်ရှု စစ်ဆေး ပြီး မြေတူးခြင်း သာမက ရေရှည် အကျိုးရှိနိုင်မည့် နည်းလမ်းများအား သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း ရေးဆွဲရန် မှာကြားခဲ့သည်။
”အင်းလေးကန်က ကန်တွင်း မှာသာမက ကန်ပြင်မှာပါ ပြုပြင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ပြည်သူတွေက ပူးပေါင်း ပါဝင်မှုက အင်မတန် အားနည်းပါတယ်။ သူတို့က နိုင်ငံတော်ရဲ့ တာဝန်လို့ပဲ သတ်မှတ် တယ်။ နိုင်ငံ တကာ ကလည်း ကူညီနေတာပဲ။ သူတို့ ပါ ဝင်စရာ မလိုဘူး ဆိုပြီး ယူဆထားကြ တယ်။ တကယ်က ဒေသခံ ပါဝင်မှ ဖြစ်မှာပါ” ဟု ဦးကျော်ကျော်ဦး က ထပ်မံ ပြောသည်။
၂ဝ၁ဝ ခုနှစ် ရေခန်းမှုများ ဖြစ်ပြီးနောက် ဆည်မြောင်း ဦးစီးဌာနမှ နုန်း များ တူးဖော်မှုများ ပြုလုပ်ခဲ့သည်။ သို့ သော် အင်းလေး ဖောင်တော်ဦး အရှေ့ ဘက်၌ ဒေသခံများမှာ မြေတူးခြင်း၊ မြေ စာများ အပုံမခံခြင်းနှင့် တံတားအား မဖျက်ပေး လိုခြင်းကြောင့် ဆည်မြောင်းမှ တူးဖော်မှု မပြုခဲ့ရ၍ ယင်းကဲ့သို့ ရေခန်းမှု ဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
မိုးငယ် 
http://popularmyanmar.com

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်