သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday, 3 May 2013

56-MANA သံတမန် မိုးမင်း ဇာတ်ပွဲတွင် လူကုန်ကူးနှင့် မူးယစ် ဆန့်ကျင်ရေး ဟောပြော


မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (MANA) တွင် သံတမန် အဖြစ် ဆောင်ရွက်နေသည့် ဇာတ်မင်းသား မိုးမင်းက ကျိုက်ခေါက် ဘုရားပွဲ၌


လူကုန် ကူးမှု ဆန့်ကျင်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်း ဟောပြော ခဲ့ကြောင်း ပြောသည်။
”MANA က ကျင်းပတဲ့ ဟောပြောပွဲမှာ တက်ရောက် ဟောပြောဖြစ်ခဲ့တယ်။ ကျိုက်ခေါက် ဘုရားပွဲမှာလည်း ဇာတ်စင် အကုန်နီးပါး ပေါ်တက်ပြီး ပြောပြဖြစ်တယ်” ဟု ၄င်းက ဆိုသည်။
”အနုပညာရှင်ကို ချစ်တဲ့ ပရိသတ်တွေက ဘာလုပ် ကြလဲ ဆိုတာ စောင့်ကြည့်နေတာလေ။ အနုပညာရှင် ကိုယ်တိုင်က ဆေးလိပ်သောက်၊ ကွမ်းတွေစား၊ မူးနေရင် တော့ မကောင်းဘူးပေါ့။ သူတို့ချစ်တဲ့ အနုပညာရှင် က ဘယ်လိုနေထိုင်တယ်။ မူးယစ်ဆေးဝါးကို ဘယ်လို တိုက်ဖျက်တယ် ဆိုရင် လူငယ်တွေ၊ ပရိသတ်တွေက လက်ခံမှာပဲ။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးတွေ ဖြစ်လာမယ်။ အကျိုး သက်ရောက်မှု ကြီးတယ်” ဟု ၄င်း ကပြောသည်။
သီဟ 
ပေါ်ပျုလာ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်