
အသက် (၁၈)နှစ်သာ ရှိသေးသည့် အင်္ဂလန် နိုင်ငံသား ကြေးစား လက်ဝှေ့ကျော် Hughie Fury သည် အသက် အငယ်ဆုံး
ကမ္ဘာ့ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဖြစ်လာရန်အတွက် ချန်ပီယံဟောင်း လက်ဝှေ့ကျော် မိုက်တိုင်ဆန်၏ စံချိန်ကို ချိုးဖျက်သွားမည်ဟု ပြောကြားခဲ့သည်။
Hughie Fury သည် ကြေးစား လက်ဝှေ့လောကသို့ ယခုနှစ် မတ်လ အတွင်းက ဝင်ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း ယခု သီတင်းပတ်ကုန်က Ladislav Kovarik အား ပထမ အချီတွင်ပင် အနိုင်ရရှိခဲ့သည်။ Hughie Fury အနေဖြင့် အသက် အငယ်ဆုံး ကမ္ဘာ့ ဟဲဗီးဝိတ်တန်း ချန်ပီယံဖြစ်လာရန် အတွက် လက်ဝှေ့ပွဲများကို ဆက်တိုက်ထိုးကာ အတွေ့အကြုံများ ရယူသွားမည် ဖြစ်သည်။
MR TV 4 News
http://thaboxingvoice.com/hughie-fury-aims-to-be-the-youngest-heavyweigh...
No comments:
Post a Comment