သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 17 June 2013

မလေးရှားနိုင်ငံတွင်ဗိုက်တွင် ဓါးဒဏ်ရာရရှိထားသောကိုထွန်းမောင်သိန်းမြန်မာပြည်လေဆိပ်သို့ ပြန်ရောက်လာစဉ်

 
ဗိုက်က်တွင် ဓါးဒဏ်ရာရရှိထားသောကိုထွန်းမောင်သိန်းကို လူနာတင်ယာဉ်ပေါ်သို့တင်နေစဉ်

 ပြည်တော်ပြန်လာလိုသော မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသားများကို မက်စ် ဦးဇော်ဇော် ဦးစီးတည်ထောင်ထားသော ဧရာဝတီဖောင်ဒေးရှင်းနှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်းကာ အခမဲ့ပြန်လာနိုင်ရေး စီစဉ်ပေးမှုကြောင့် ယခုအခါ ၄င်းတို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်သည်။


၁၅.၆.၂၀၁၃ ရက်နေ့တွင် ၉၄ ဦး၊၁၇.၆.၂၀၁၃ ရက်နေ့တွင် အမျိုးသား အမျိုးသမီး ၂၅ ဦးပြန်လည်ရောက်ရှိကြပြီ ဖြစ်ကြောင်း၊၁၇.၆.၂၀၁၃ ရက်နေ့တွင် ကိုထွန်းမောင်သိန်းဆိုသူ ဓါးဒဏ်ရာရရှိထားသော လူနာတစ်ဦး ပါဝင်ကြောင်း၊ယင်းလူနာကို ၀ိတိုရိယဆေးရုံတွင် ဆေးကုသမှုခံယူနိုင်ရန် ရန်ကုန်အပြည်ပြည် လေဆိပ်မှ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့(၃၀.၅.၂၀၁၃)ကစတင်ကာ မလေးရှားနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ
ခံနေရသော မြန်မာတိုင်းရင်းသားများအနေဖြင့် မလေးရှားနိုင်ငံတွင် ဆက်လက်နေထိုင်ရန် စိုးရိမ်မှုများဖြစ်
ပေါ်လာကြခြင်း ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်