နှိုင်းရင့်နွေမှ တင်ဆက်သည်...
https://www.facebook.com/
--------------------------
၁) အမျိုးသားတွေက တစ်နေ့မှာ ဆံပင် ၄၀ လောက် ကျွတ်ပြီး အမျိုးသမီးတွေကတော့ တစ်နေ့ဆံပင် ၇၀ လောက် ဆုံရှုံးကြရပါတယ်...
၂) သင့်အရပ်ဟာ မနက်ပိုင်းမှာ ညပိုင်းထက်ပိုရှည်ပါတယ်...
၃) သွေးတွေဟာ သင့်ခန္ဓာကိုယ်ထဲမှာ တစ်နေ့ကို အကြိမ် ၁၀၀၀ လောက် လှည့်လည်နေကြပါတယ်....
၎) မျက်တောင်မွေးတွေဟာ ရက်ပေါင်း ၁၅၀ လောက် ခံပါတယ်...
၅) မျက်ခုံးမွေးတစ်ခုမှာ အမွေးပေါင်း အပင် ၅၀၀ လောက်ရှိပါတယ်....
၆) လူရဲ့ကိုယ်ခန္ဓာမှာ ပျမ်းမျှအားဖြင့် အာရုံကြောဆဲလ်ပေါင်း ခန့်မှန်း ၁၀၀ ဘီလီယံလောက်ရှိပါတယ်...
၇) မျက်လုံးဖွင့်ပြီး နှာချေဖို့ မဖြစ်နိုင်ပါဘူး....
၈) အရိုးတွေဟာ ကွန်ကရစ်ထက် လေးဆလောက် ခိုင်မာပါတယ်....
၉) ရသာဖု (taste bud) တစ်ခုရဲ့ ပျမ်းမျှသက်တမ်းက ၁၀ ရက်သာရှိပါတယ်...
၁၀) လူရဲ့ ဦးခေါင်းခွံဟာ ကွဲပြားတဲ့ အရိုးပေါင်း ၂၆ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်...
၁၁) ဆံပင်ဟာ လက်သည်းတွေနဲ့ တူညီတဲ့အရာဝတ္ထုကနေ ဖြစ်လာတာပါပဲ...
၁၂) နှာချေတဲ့အချိန်မှာ နှလုံးခုန်တာအပါအဝင် ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာအားလုံး ရပ်တန့်သွားပါတယ်...
၁၃) ပုံမှန်လူတစ်ယောက်ဟာ တစ်နေ့ကို ၆ ကြိမ် အပေါ့အလေးစွန့်ဖို့ အိမ်သာသွားပါတယ်...
၁၄) အစားအစာတွေ ပါးစပ်ကနေ အစာအိမ်ကိုရောက်ဖို့ ၇ စက္ကန့်ကြာပါတယ်...
၁၅) အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေမှာ ရသာဖုတွေပိုများပါတယ်...
၁၆) နှာချေလိုက်တဲ့အခါမှာ နှာခေါင်းကထွက်လာတဲ့လေဟာ တစ်နာရီ မိုင် ၁၀၀ နှုန်းရှိပါတယ်...
၁၇) ကိုယ်ခန္ဓာရဲ့ အသေးဆုံးအရိုးက နားရွက်ထဲမှာရှိပါတယ်...
၁၈) သင့်ခန္ဓာကိုယ်မှာရှိတဲ့ အကြီးဆုံးကြွက်သားပေါ်မှာ သင်အခုထိုင်နေပါတယ်...
--------------------------
Source: Amazing Facts
No comments:
Post a Comment