မကွေး၊မတ်လ၁၁
မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီး MFOCN Co.Ltdမှလုပ်ကိုင်ဆောင်ရွက်နေသော မြေအောက်ဖန်မျှင်ကေဘယ်လ် ချခြင်းအတွက် မြေမြောင်းတူးခြင်းလုပ်ကိုင်ဆောင်ရွက်ရာတွင် သတ်မှတ်ဧရိ ယာထက်ကျော်လွန်သည့်ပြင် ကျေးရွာတောင်သူများအားအသိပေးညှိနိုင်းခြင်းမရှိပဲမြေတူးစက်ကြိးများဖြင့် တူး ဖော် မှုကြောင့်တောင်သူများမြေလွှာပျက်စီးဆူံရှုံးခြင်းနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်းကို သိရသည်။
“ကျနော်တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ မတ်လ(၉)ရက်နေ့ကခေါ်တွေ့ တယ်ဗျ ကုမ္ပဏီနဲ့ညှိနှိုင်းဆောင်ရွက်ဘို့ပေါ့နိုင်ငံတော်စီမံကိန်းဆိုတော့ ဒေသခံတွေ အနေနဲ့ကူညီလုပ်ကိုင်ဆောင်ရွက်ရမယ်၊တာလမ်းမအလည်ဗဟိုကနေ(၇၅)ပေအကွာဝေးကနေမြေတူးမှာပေါ့၊ယာအစပ်လောက်ပဲဖြတ်မှာဆိုတော့ နစ်နာမှုမများဘူးပေါ့ဗျာ၊ဒါပေမဲ့အရင်တစ်ခါ ယာလယ်ကလဲ တူးပြိး သား ပါ၊အဲဒီအတွက်သိးနှံလျော်ကျေးဆိုတာလဲမရပါဘူး၊အခုတူးတော့လဲဘာမှ မညှိနှိုင်းဘူး၊သိလို့ လာပြောတော့ လဲ ဘယ်သူမှအရေးယူဆောင်ရွက်ပေးတာမရှိဘူးဗျာ။” ဟုယာခင်းရှင်မှပြောပြခဲ့သည်။
ဦးစိးလုပ်ကိုင်ဆောင်ရွက်နေသော ၀န်ထမ်းလူငယ်တစ်ဦး၏ပြောပြချက်တွင် “လမ်းကြောလာ တိုင်းတဲ့သူကမီတာနဲ့ပေနဲ့ လွဲချော်သွားပီးမှ နဲနဲလွဲချော်သွားတာ၊ကျနော်သိသိချင်း ရပ်ခိုင်းလိုက်ပါ တယ်၊သေ ချာပြန်တိုင်းပြီး လိုင်းတားပြီးမှပြန်တူးမှာပါ၊ဖြစ်ပြီးသားကိစ္စအတွက်ကတော့ လူကြီးတွေနဲ့တိုင်ပင်ညှိနှိုင်းပြီးမှ သူ တို့လူကြိးတွေဆူံဖြန်တဲ့အတိုင်းဆောင်ရွက်ပေးမှာပါ” ဟုရှင်းပြခဲ့ပါသည်။
ကွင်းအမှတ်(၁၆၇၀-ဂ)တာလမ်းတောင်ကွင်းရှိယာမြေများတွင် ယခင်တစ်ကြိမ်မြေတူး ထား ခြင်း ရှိသော်လည်း နစ်နာကြေးပေးဆောင်ထားခြင်းမရှိဘဲ၊ယခုနောက်ထပ်တစ်ဖန်နေရာ ပြောင်းတူးဖော် ခြင်း ဖြစ်သည်။ ယခုကဲ့သို့လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊မကွေးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးဦးလှရောင်ကိုယ် တိုင် လက်မှတ်ရေးထိုးလျှက်ခရိုင်ထွေအုပ်ရူံး၏(၈-၃-၂၀၁၃)ရက်စွပြါစာအမှတ်၅/၄၃-၁၀၃/ဦး၆(၀၉၀၀) ရည်ညွှန်း လျှက် စာအမှတ်၅/၄၃-၅၄/ဥိး၆(၀၅၀၀)ဖြင့်မတ်လ(၉)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ စာထွက် ပေးထားကြောင်းနှင့် လက်ရှိညှိနှိုင်းမှုအခြေအနေမရှိသေးကြောင်းသိရသည်။
ဦးမင်း
No comments:
Post a Comment