သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Monday 18 March 2013

ရင် ကိုခွဲလို့ အသဲကို နှုတ်ယူ


လူကိုတော့ မဟုတ်ပါဘူး။ အသည်းကိုပါ။ အသည်းလှူမယ့် လူနာရှင်ကနေ ခွဲထုတ်လိုက်တဲ့ အသည်းကို အခြား လူနာတစ်ယောက်ဆီ အစားမထိုးမချင်း ကြားမှာ ဆက်ပြီး အသက်ရှင်အောင် ထိန်းပေးနိုင်မယ့် စက်ကို တီထွင် အောင်မြင်ခြင်း ဖြစ်ပါတယ်။

အောက်စ်ဖို့ တက္ကသိုလ်မှ နည်းပညာနဲ့ ဆေးပညာရှင်တို့ ပူးပေါင်းတီထွင် မှု ဖြစ်ပြီး အသည်းအစားထိုး ကုသမှု ကျန်းမာရေး စနစ်မှာ များစွာ အကျိုးပြုစေမယ်လို့ ယုံကြည်ကြပါတယ်။

လူမှခွဲထုတ်လိုက်တဲ့ အသည်းကို အပြင်မှာ ဆက်ပြီး အသက်ရှင်နေ အောင် သူ့ဆိုင်ရာ ကဏ္ဍမှာ အဆက်မပျက် လုပ်ဆောင်နေအောင် ထိန်းထား ပေး မယ့် စက်ပစ္စည်း ဖြစ်ပြီး ဆေးပညာလောကမှာ ကျယ်ပြန့်စွာ အသုံးပြုတော့ မည် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: medic-facts
TechSpace Journal

1 comment:

  1. ဗဟုသုတများစွာရတဲ့ ပိုစ့်ကောင်းလေးတစ်ပုဒ်ပါ။ အရင်က အသဲကိုထုတ်ယူပြီးရင် အခြားလူတစ်ယောက်ဆီကို အစားထိုးလို့ မရဘူးလို့ထင်ထားတာ။ အခုမှရှင်းတော့တယ်။ ကျေးဇူးတင်ပါတယ်။ ဒကာကြီးရေ။ ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်သွားကြတာပေါ့။
    ကျန်းမာချမ်းသာပါစေ

    ReplyDelete

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်