သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday 1 May 2013

35-တဖြည်းဖြည်း မြင့်တက် လာသည့် အိန္ဒိယ- တရုတ် နယ်စပ် အငြင်းပွားမှု


အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ အကြား နယ်စပ် စည်းမျဉ်း ဖြတ်ကျော်မှုနှင့် စပ်လျဉ်း၍ ယင်းနိုင်ငံ အစိုးရများ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပ၍ အဖြေရှာရန် ကြိုးပမ်း ခဲ့သော်လည်း တင်းမာမှုများမှာ တဖြည်ြး ဖည်းမြင့် တက်လာလျက် ရှိသည်ကို တွေ့ရသည်။အိန္ဒိယ အာဏာပိုင် များက ပြောကြား ခဲ့သည်။ ထို့နောက်တွင်
 ထို့နောက်တွင် အိန္ဒိယ အစိုးရ သည် တရုတ် တပ်ဖွဲ့ဝင် များ၏ စခန်းချမှုကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတပ်များ စခန်းချရာမှ ၁၅ဝ မီတာခန့်သာ ကွာဝေး သည့် နေရာ တွင် အိန္ဒိယ တပ်များကိုထပ်မံ ပြောင်းရွှေ့ ချထားခဲ့သည်။
သို့ရာတွင် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်ခြား စည်းမျဉ်းကို ဖြတ်ကျော်၍ အိန္ဒိယပိုင်နက် အတွင်းသို့ ဝင်ေ ရာက် ခဲ့သည် ဟူသော အိန္ဒိယ အစိုးရ၏ ပြောကြားချက်ကို တရုတ် နိုင်ငံက ငြင်းဆို ခဲ့ရုံသာမက တ ရုတ် တပ်ဖွဲ့များသည် ၎င်းတို့၏ ပိုင်နက် နယ်နိမိတ် အတွင်း၌သာ ကင်းလှည့်ခြင်း ဖြစ်ကြောင်း တရုတ် နိုင် ငံခြားရေး ဝန်ကြီးဌာမှ ပြောရေးဆိုခွင့် ရှိသူ ဟွာချွမ်ယင်းက ပြန်လည် ချေပ ထားသည်ကို တွေ့ရသည်။
ထိုမျှသာမက အိန္ဒိယ စစ်တပ်သည် တရုတ် နယ်စပ်တွင် ''ရန်လိုသည့် ကင်း လှည့်ခြင်းမျိုး''ကို လုပ်ဆောင် ခဲ့ သည် ဟု တရုတ် နိုင်ငံက ပြန်လည် စွပ်စွဲခဲ့ပြီး ယင်းသို့ လုပ်ဆောင်မှုများအား ရပ်တန့်ပစ်ရန် အိန္ဒိယ နိုင်ငံ အား တောင်းဆို ထားခဲ့ သည်။
ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ တရားဝင် ကန့်ကွက်ရန် အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ရန်ဂျန် မာသာအီက အိန္ဒိယ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအား ဆင့်ခေါ်၍ တွေ့ဆုံခဲ့သည်။
ထို့အတူ အဆိုပါ နယ်စပ် အငြင်းပွား မှုကို ဖြေရှင်းရေး အတွက် အင်အားသုံး ဖြေရှင်းမည့် နည်းလမ်း အပါ အဝင် အခြား ရွေးချယ်စရာ နည်းလမ်းများကို စစ်တပ်က အိန္ဒိယ အစိုးရထံ တင်ပြခဲ့သည့် အပြင် စစ်တပ် အကြီး အကဲ ဗိုလ်ချုပ်ကြီး ဘီကရမ်ဆင်း ကိုယ်တိုင် ကက်ရှ်မီးယား ဒေသ သို့ လေယာဉ်ပျံဖြင့် သွားရောက် ၍ ဒေသတွင်းရှိ တပ်မှူးများနှင့် တွေ့ဆုံပြီး အငြင်းပွားမှုနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်။
အလားတူပင် အိန္ဒိယ နိုင်ငံသည် နည်းလမ်းမျိုးစုံ အသုံးပြု၍ မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်သွား မည် ဟု ကာကွယ်ရေး ဝန်ကြီး အေကေအန်ထော်နီ က အစောပိုင်းတွင် သတိ ပေးထားခဲ့သည်။ အိန္ဒိယ နိုင်ငံ သည် ကက်ရှ်မီးယား ဒေသတွင် ပါကစ္စတန် နိုင်ငံနှင့် နယ်စပ် အငြင်းပွား မှုတွင်လည်း အလားတူ ရပ်တည် ချက်ကို ဖော်ပြခဲ့သည်။
အိန္ဒိယနှင့် တရုတ်နိုင်ငံ တို့သည် နယ်စပ် အငြင်းပွားမှုကြောင့် ဟိမဝန္တာ ဒေသများဖြစ်သည့် လာဒက်နှင့် အာရွန် နာချာပရာဒက်ရှ်တို့တွင် ၁၉၆၂ ခုနှစ် အတွင်းက စစ်ပွဲ ဆင်နွဲခဲ့ကြပြီး ယင်းနောက်တွင်လည်း နယ် စပ် အရေး ဖြေရှင်းနိုင်ရန် ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေး နွေးခဲ့သော်လည်း အငြင်းပွားမှုကို အပြီးတိုင် ဖြေရှင်း နိုင်ခဲ့ခြင်း မရှိပေ။
ယခု ဖြစ်ပွားခဲ့သည့် အိန္ဒိယ- တရုတ် နယ်စပ် အငြင်းပွားမှုသည် အာရှဒေသတွင် ကြီးထွားလာသည့် တ ရုတ် နိုင်ငံ၏ လွှမ်းမိုးမှုကို ယှဉ်နိုင်ရန် အတွက် အမေ ရိကန် အစိုးရက''အာရှဒေသ ဗဟိုပြုရေး'' မူဝါဒကို အကောင် အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ပေါ်ထွက်လာခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အိန္ဒိယ နိုင်ငံ တို့သည် ''မဟာဗျူဟာမြောက် ပူးပေါင်းရေး'' အဖွဲ့ကို ဖွဲ့စည်း တည်ထောင်၍ တရုတ် အစိုးရ၏ အင် အား ကြီးထွားလာမှုကို တန်ပြန်ရန် ရည်ရွယ် ထားလျက် ရှိသောကြောင့် လက်ရှိ ဖြစ်ပွားနေသည့် နယ်စပ် အငြင်းပွားမှုကို သက်ဆိုင်ရာ နိုင်ငံများ က ခေါင်းအေးအေး ထား၍ ဖြေရှင်းရန် လိုအပ်မည်ဟု သုံးသပ်ရပါ သည်။ 
Source: မြဝတီ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်