သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Wednesday, 1 May 2013

36-ထူးဆန်းသောမြန်မာပြည်မှကျောင်းမနေသေးသော ၅ နှစ်အရွယ်ကလေး သတင်းစာ များ ကောင်းစွာဖတ်နေ


 စာသင်ကြား ပေးခြင်း မရှိသေးသော ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးမှ သတင်းစာ နှင့် အခြားသော စာ များ ကို ကောင်းစွာ ဖတ်ပြနေ၍ မြင်တွေ့ရ သူတိုင်း အံ့အားသင့်လျက် ရှိကြောင်း သိရသည်။ အဆိုပါ မောင် စိုင်းနေ တိုး သည် ယခုလက်ရှိ တောင်ကြီးမြို့တွင် နေထိုင်လျက် ရှိပြီး ဧပြီလ ၂၈ ရက်က တောင် ငူမြို့နယ် ၊ ကေတုမတီ မြို့သစ်သို့ မိသားစု နှင့်အတူ အလည် ရောက်ရှိစဉ် အဆိုပါ ထူးထူး ခြားခြား အဖြစ် ကို ကိုယ်တိုင် မြင်တွေ့ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" သူ ၄ နှစ်သား အရွယ်က တောင်ကြီးမှာ အပြင်ထွက်တော့


 ဆိုင်းဘုတ် တစ်ခုကို ဖတ်တယ် ၊ ရောင်နီဦး အ ဆင့်မြင့် ခရီးသည် ပို့ဆောင်ရေး ဆိုပြီး သူဖတ်တယ် ၊ ကျွန်တော့် အထင် သူပြောသံ ကြားတာနဲ့ လိုက် ရွတ် တယ် လို့ပဲ အောက်မေ့ နေတာ ၊ အိမ်ရောက်တော့ ကပ်ထားတဲ့ မြန်မာပြည် မြေပုံကို ဒါက ကချင်ြ ပည် နယ် ၊ ကရင်ပြည်နယ် ၊ ကယား ပြည်နယ် ၊ မွန်ပြည်နယ် ဆိုပြီး ထောက်ပြီး ပြောပြတော့ အံ့သြ သွားပါ တယ် ၊ စာဆို တစ်လုံးမှ သင်ပေး ထားရတာ မရှိသေးပါဘူး .... " ဟု ဖခင် ဖြစ်သူက ပြောပြသည်။

အဆိုပါ ၄ နှစ်သား မောင်စိုင်းနေတိုး သည် နေ့စဉ်ထုတ် သတင်းစာ တွင် ပါရှိသည့် စာသားများအား အမှား အ ယွင်း မရှိ ဖတ်ပြနေ သဖြင့် လာရောက် ကြည့်ရှုသူ အားလုံး အံ့အားသင့်လျက် ရှိကြောင်း သိရှိရသည်။

မြဝတီ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်