သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Friday, 3 May 2013

65-ဒက္ကားအဆောက်အအုံပျက်ထဲမှ အလောင်း ၈၀ ထပ်တွေ့၊ သေဆုံးသူ ၅၂၅ ဦးထိ ရှိသွားပြီ

ဒက္ကားမြို့ အပြင်ဘက်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း  ပြိုကျသွားတဲ့ အဆောက် အအုံ အပျက်အစီးတွေကို စက်ကရိယာတွေကို သုံးပြီး ဖယ်ရှားနေရာမှာ မေလ ၃ ရက် မနေ့က တစ်နေ့တည်းမှာတော့ အလာင်း ၈၀ ကိုရှာဖွေ တွေ့ရှိခဲ့ပါတယ်။

Rana 
အခုဆိုရင် အဆောက်အအုံ ပြိုကျတဲ့ အတွက် သေဆုံးသူ အရေအတွက်ဟာ ၅၂၅ ဦးရှိသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။


ရက်ကြာလာတာနဲ့ အမျှသေဆုံးသူတွေဟာ ဘယ်သူ ဘယ်ဝါတွေ ဖြစ်တယ်။ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာကို ခွဲခြား မသိနိုင်တော့ဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ ကိုယ်ပေါ်မှာ ချိတ်ဆွဲထားတဲ့ အလုပ်သမား နာမည်ကဒ်ပြားတွေကို ကြည့်ပြီး ခွဲခြားနေရတယ်လို့ ပြောပါတယ်။
အလုပ်သမား ကဒ်ပြား မရှိတဲ့သူတွေကိုတော့ ဘယ်သူဘယ်ဝါ ဆိုတာ မသိနိုင်တော့ဘူးလို့ ဆိုပါတယ်။ အလောင်းတော်တော်များကတော့ ပျက်စီးကုန်ပြီလို့ ပြောပါတယ်။
အလောင်းတွေကို ပြိုကျသွားတဲ့ အပျက်အစီးတွေကြားထဲမှာ ရှာဖွေတွေ့ရှိနေပြီး သေဆုံးသူ အရေအတွက်ဟာ ပိုပြီးများလာနိုင်တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူများက ပြောပါတယ်။
အဲဒီ အဆောက်အအုံဟာ ဧပြီလ ၂၄ ရက်နေ့က နံနက် ၉ နာရီခန့်မှာ စပြိုတာ ဖြစ်ပြီး သေဆုံးသူ အများစုဟာ အောက်ဆုံး အထပ်က လူတွေ ဖြစ်ပြီး အဆောက်အအုံထဲက ထွက်ပြေးစဉ်မှာ ပြိုကျလာတဲ့ အဆောက်အအုံတွေ နံရံတွေ ပိကျပြီး သေဆုံးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆောက်အအုံ ပြိုကျတဲ့ နေ့က အတိုက်အခံ ပါတီက သပိတ်ခေါ်ထားတဲ့ အတွက် အောက်ထပ်မှာ ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်တွေကို ပိတ်ထားခဲ့တယ်လို့ ပြောပါတယ်။ ဆိုင်တွေသာ ပိတ်မထားခဲ့ရင် လူတွေဟာ ဒီထက် ပိုသေသွားနိုင်တယ်လို့ ပြောပါတယ်။
အခုအခါမှာ Rana Plaza ပိုင်ရှင် Rana နဲ့ သူရဲ့ အဖေ၊ သူရဲ့ ဇနီး၊ တခြား အထည်ချုပ် စက်ရုံပိုင်ရှင်တွေ အပါအ၀င် လူပေါင်း ၁၀ ကျော်ကို ဖမ်းဆီးထားလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မူ အားလုံးကိုလည်း အရွှေ့အပြောင်း မလုပ်ဖို့ တရားရုံးက အမိန့်ထုတ်ထားသလို ဘဏ်အကောင့်တွေကိုလည်း ပိတ်ထားဖို့ ဘင်္ဂလာဒေခ်ျ့ ဗဟိုဘဏ်ကို တရားရုံးက ညွှန်ကြားထားပါတယ်။
 http://www.narinjara.com/burmese/?p=5368

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်