သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Saturday, 4 May 2013

79-တပ်မတော်ကိုမုန်းနေတဲ့ လူများကြည့် စေလိုပါတယ် ဒီလိုမုန်းတီးနေတဲ့ လူတွေရောဒီလိုလုပ်နိုင်ပါ့မလား

ကုသိုလ်ထူးလှ ရေဒါန ဝိုင်းဝန်း လှူဒါန်းကြ
 
ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်ဟု ဆိုခြင်းမှာ လူသားတို့ အသက်ရှင်ရပ် တည်နေထိုင် နိုင်ရေး အတွက် ရေသည် မရှိမဖြစ် လိုအပ်သော အရာ ဖြစ်ပြီး အသက်တမျှ
အရေးကြီးကြောင်း ဖော်ညွှန်း ပြောဆိုကြခြင်း ဖြစ်သည်။ သွေးသည် အသက်၊ အသက်သည် သွေးလည်း ဖြစ်သကဲ့သို့



 ရေသည်အသက်၊ အသက်သည်လည်း ရေဖြစ်ပေသည်။ လူသားတို့ ခန္ဓာ တစ်ခုလုံးအား ရေဓာတ်ဖြင့် လွှမ်းခြုံ ဖွဲ့စည်းထားပြီး နေ့စဉ်နှင့် အမျှ ထိုလိုအပ်ချက် များကို ဖြည့်ဆည်း ပေးရလေသည်။

ထမင်းမစားဘဲ နေနိုင်သူ ရှိချင်ရှိပေ လိမ့်မည်။ သို့သော် ရေမေ သာက်ဘဲ နေသော လူပုဂ္ဂိုလ် ရှိနိုင်မည် မထင်။ အစားအသောက် ဆေးကြော ချက်ပြုတ်ရန်၊ အညစ်အကြေးများ ဆေးကြောရန်၊ အဝတ်အထည်များ လျှော်ဖွတ်ရန်၊ ဆေးဝါးများ ဖော်စပ် ရန်၊ သစ်ပင် ပန်းမန်များ စိုက်ပျိုးရန် သို့မဟုတ် ရှင်သန် ကြီးထွားစေရန်၊ စက်ယန္တရားများ လည်ပတ် နိုင်စေ ရန် စသည်ဖြင့် ရေသည် နေရာဒေသ အချိန်ကာလ မရွေး အသုံး တည့်နေမည့် ဆက်လက် လိုအပ်နေမည့် (Essential Need) မရှိမဖြစ် လိုအပ်ချက် တစ်ရပ် ဖြစ်ပေသည်။ လူတို့၏ လိုအင် ဆန္ဒများသည် အတောမသတ် နိုင်လောက်အောင် များပြားလှပြီး ရလေလိုလေ အိုတစ္ဆေ ဖြစ် သည်။


 


သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော ကျေးရွာ များတွင် နယ်မြေခံ တပ်မတော် သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်း Featured

သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများအား နယ်မြေခံ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေ လှူဒါန်းလျက်ရှိရာ မေ ၁ ရက်က မွန်ပြည်နယ် သထုံမြို့ အောက်ကျင်း ရပ်ကွက်၊ အောင်မြေ ရွှေဘို ရပ်ကွက်နှင့် ကန် ညီနောင် ကွက်သစ်ရှိ အိမ်ထောင်စု ၁၉ဝ စု၊ လူဦးရေ ၅၆၇ ဦးအတွက် ရေဂါလန် ၃၆ဝဝအား လည်းကောင်း၊ မုဒုံမြို့နယ် ကတုံးပေါ် ကျေးရွာရှိ အိမ်ထောင်စု ၂၈ဝ စု၊ လူဦးရေ ၁၃၈၃ ဦးနှင့် ဘလောက် ညောင်ဝိုင်း ကျေးရွာရှိ အိမ်ထောင်စု ၄၂ဝ စု၊ လူဦးရေ ၂၃၃၂ ဦး အတွက် ရေဂါလန် ၂၈၈ဝဝ အားလည်းကောင်း၊ မေ ၂ ရက်က သံဖြူ ဇရပ်မြို့နယ် ရွှေပြည်သာ ကျေးရွာရှိ အိမ်ထောင်စု ၁၈၉ စု၊ လူဦးရေ ၈၉၅ ဦးအတွက် ရေဂါလန် ၂၄ဝဝ အားလည်းကောင်း၊ အောင်သာယာ ရပ်ကွက်ရှိ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၂၅၃ ဦး အတွက် ရေဂါလန် ၁၆ဝဝ အားလည်းကောင်း တပ်ပိုင် ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေ လှူဒါန်းသည်

့မြ၀တီ

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်