
NASA's Goddard Space Flight Center မှ သိပ္ပံ ပညာရှင် များသည် ‘Grover’ အမည်ရှိ အဝေးထိန်း ဆိုလာ စွမ်းအင်သုံး စက်ရုပ်ယာဉ်ကို တီထွင်ခဲ့ပြီး အဆိုပါ ယာဉ်ကို အသုံးပြု၍
ဂရင်းလန်း ဒေသရှိ နှစ်မိုင်ခန့်ထုရှိသော ရေခဲပြင်ကြီးအောက်၌ ဖုံးကွယ်နေသည့် အရာများကို ရှာဖွေဖော်ထုတ်ရန် မျှော် မှန်းထားကြသည်။
သိပ္ပံ ပညာရှင်များ တီထွင်ထားသော Grover ရှေ့ပြေးပုံစံ စက်ရုပ်ယာဉ်သည် တင့်ကားနှင့် ဆင်တူ၍ ၎င်းယာဉ်တွင် ဆိုလာပြားများ တပ်ဆင်ထားပြီး ၆ ပေ အရှည်ရှိကာ အလေးချိန်ပေါင် ၈၀၀ ခန့်ရှိသည်။ အဆိုပါ ယာဉ်သည် တစ်နာ ရီလျှင်ပျမ်းမျှ ၁ ဒသမ ၂ မိုင်နှုန်းနှင့် မောင်းနှင် နိုင်သည်။
အဆိုပါ စက်ရုပ်ယာဉ်သည် ဆိုလာ စွမ်းအင်သုံး စက်ရုပ်ဖြစ်ပြီး ၀င်ရိုးစွန်း ဒေသများတွင် မောင်းနှင်နိုင်သည်။ ထို့ပြင် ‘Grover’ ယာဉ်တွင် တပ်ဆင်ထားသော ဆိုလာပြား များသည် ပြောင်းပြန်လှန်၍ တပ်ဆင်ထားခြင်း ဖြစ်ပြီး အဆိုပါ ဆိုလာပြား များသည် ရေခဲပြင်မှ ပြန်လာ သော နေရောင်ခြည် စွမ်းအင်နှင့် နေမှ တိုက်ရိုက်လာသော စွမ်းအင် များကို စုဆောင်း ယူနိုင်သည်။ ထို့ပြင် ၎င်းယာဉ်၌ ရေဒါ စနစ်တစ်ခု တပ်ဆင်ထားကာ ယင်းရေဒါမှ တစ်ဆင့် ရေခဲပြင် အတွင်းသို့ ရေဒီယို လှိုင်များ ပေးပို့ပြီး ရေခဲပြင် အောက်ရှိ ဖုံးကွယ်နေသော အရာများကို ဖော်ထုတ် နိုင်မည်ဟု သိပ္ပံ ပညာရှင် များက မျှော်မှန်း ထားကြကြောင်း သိရ သည်။
Credit & Copy From >မြ၀တီ
No comments:
Post a Comment