
ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု
ထပ်မံကျူးလွန်သူ၏ အမှု ကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံးများတွင်
စစ်ဆေးနေကြောင်း သိရသည်။
ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့သူ အသက် (၃၆) နှစ်ရှိ ရှိုးဂန်းသည်
ရန်ကုန်တိုင်းဒေသကြီးရှိ နေအိမ် တိုက် ခန်း များကို ဖောက်ထွင်းသည့်အမှု ၁၅
မှုဖြင့် ၂၀၀၅ ခုနှစ်အတွင်းက ထောင်ဒဏ် ၃၁ နှစ် ကျခံခဲ့ရသည်။
၎င်းသည် အင်းစိန်ထောင်၌ ငါးနှစ်ကျော်ခန့် ပြစ်ဒဏ်ကျခံလျက် ရှိရာမှ ၂၀၁၀
ပြည့်နှစ် သြဂုတ် ၂၄ ရက် တွင် မွန်ပြည်နယ် တောင်စွန်း ရဲဘက် စခန်းသို့
ပြောင်းရွှေ့ပြစ်ဒဏ် ကျခံခဲ့ရသည်။ထို့နောက် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၅
ရက်တွင် တောင်စွန်းရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက် ခဲ့သည်။ ရှိုးဂန်းသည်
နေအိမ် အတွင်းသို့ ဖောက်ထွင်းခိုးယူရာတွင် တံခါးများတွင် ခတ်ထားသော
မည်သည့်သော့များကိုမဆို အချိန် မိနစ် အနည်းငယ်အတွင်း ၀က်အူလှည့်ဖြင့်
ဖျက်ဆီးကာ ခိုးမှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ရှိုးဂန်းကို သပြေကုန်းရပ်ကွက် မင်္ဂလာတောင်ညွန့် ရပ်ကွက်မှ ၂၀၁၂ ခုနှစ်
အောက်တိုဘာ ၂၅ ရက် ည ၁၀ နာ ရီ တွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ပြီး အတူပူးပေါင်း
ကျူးလွန်ခဲ့သူ သန်းဇော်ဝင်းကို ၂၀၁၂ ခုနှစ် နိုဝင် ဘာ ၇ ရက်တွင်
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားဝင်း အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ကျူးလွန်သူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေစဉ် ကာလ အတွင်း
မင်္ဂလာတောင်ညွန့်၊ ပု ဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ အလုံ၊ ကမာရွတ်၊
လှိုင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အင်းစိန် စသည့်မြို့ နယ် များတွင်
ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိထားသည့် ရှိုးဂန်းနှင့် သန်းဇော်ဝင်းတို့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ
၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် ချုပ်ရမန်များ
ရယူပြီး ဆောင်ရွက်နေစဉ် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးအချုပ်မှ ထပ်မံ
ထွက်ြေ ပး လွတ်မြောက်ခဲ့သည်။
ထွက်ပြေးရာတွင် ၎င်းတို့၏ဇနီးများကို တစ်ပါတည်း ခေါ်ဆောင်ပြီး ထွက်ပြေး
သွားသဖြင့် ဇနီးသည်များ၏ လက်ကိုင် ဖုန်းမှတစ်ဆင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀
ရက်တွင် လားရှိုးမြို့၌ ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ေ ကြာင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူးမြင့်ထွေးက "ကျူးလွန်တဲ့ တရား ခံတွေကို အမှုaပါင်း ၂၆ မှုနဲ့
ရဲလုပ်ငန်း စဉ်အရ စစ်ဆေးပြီးတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တရား ရုံးတွေ မှာ
မေလဆန်းပိုင်းကစပြီး တရားစွဲဆိုထားတယ်။ အခုချိန်ထိတော့ စစ်ဆေးနေတုန်းပါပဲ"
ဟု မေ ၁၁ ရက် နံနက်ပိုင်းကပြောသည်။
Eleven Media Group
ပြစ်မှုကျူးလွန်သူ ရှိုးဂန်း
No comments:
Post a Comment