သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Tuesday, 14 May 2013

ပြည်မြို့တွင် ဆရာတော်အား ဓါးဖြင့် မွှန်းပြီး ၀မ်းဗိုက်ကို ဓါးဖြင့်ထိုးမှု ဖြစ်ပွား


 မေလ၁၄ ရက်၊ ၂၀၁၃ ခုနှစ်

ပြည်မြို့ ပွင်လှသိမ်ကုန်း ရပ်ကွက် ပုညစေတီတော် ပုညဓမ္မရုံမှာ ဆရာတော် ဦးသောဘိတ သက်တော် (၈၂) ၀ါတော် (၆၂) ရှိ ကျောင်းထိုင် ဆရာတော်ဘုရားကြီး အား (ဓါးဖြင့်) လှီးဖြတ်ပြီး ဗိုက်တော်အား ဓါးဖြင့် ထိုးခဲ့တဲ့ အမှု့တစ်ခု ဖြစ်ခဲ့ပါတယ်...


အဆိုပါ အမှုဖြစ်စဉ်မှာ ယနေ့ နေ့လည် (၁၄.၅.၂၀၁၃)ရက်နေ့ နေ့လည် (၀၁း၃၀) ခန့် အင်္ဂါနေ့ တွင် ဆရာတော်ဘုရားကြီးသည် (ပုညဓမ္မာရုံ) မှာ သတင်းသုံးနေစဉ် ကျောင်းတိုက်ပေါ် သို့ လူ(၄) သို့ (၅) ယောက်ခန့် တက်လာပြီး ဓါးဖြင့် လှီးဖြတ် ထိုးခဲ့လို့ ဆရာတော် ဘုရားကြီးသည် အခု ပြည်မြို့ ပြည်သူ့ ဆေးရုံ ခွဲစိတ်ဆောင် မှာ တက်ရောက် ကုသမှု ခံယူနေရပါတယ်...

ဆရာတော်ဘုရားကြီးရဲ့ ကိုယ်တော်မှာ ရသွားသော ဒဏ်ရာများကတော့ ၀မ်းဗိုက်တွင် ဓါးဖြင့် ထိုးခံရတဲ့ ဒဏ်ရာ ၁ ချက်၊ ဘယ်ပါးနှင့် ညာပါးမှာ ဓါးဖြင့် အမွှန်းခံရတဲ့ ဒဏ်ရာ တစ်ချက်စီနှင့် ညာလက်၊ လက်ဖျံ မှာ လှီးဖြတ် ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက် ပုခုံးစောင်းမှာ လှီးဖြတ် ဒဏ်ရာ ၁ ချက် စုစုပေါင်း ဒဏ်ရာ ၅ ချက် ရရှိခဲ့ ပါတယ်...

ဆရာတော် ဦးသောဘိတ ၏ ကိုင်ဆောင်ထားသော လက်ကိုင်ဖုန်း ပါသွားခဲ့ပါတယ်...
ဆရာတော်ရဲ့ လက်ကိုင်ဖုန်းနံပါတ်က (၀၉၃၁၂၁၆၄၄၅) ဖြစ်ပါတယ်... ကျန်တဲ့ ပစ္စည်းများ ပါမပါ ကိုတော့ စုံစမ်း စစ်ဆေး နေတုန်းပါ...

တရားခံ ကိုတော့ တာဝန်ရှိရဲများနှင့် ပြည်သူပြည်သားများက လိုက်လံ စုံစမ်း ရှာဖွေ လျှက်ရှိပါတယ်...

ဓါတ်ပုံ ကတော့ ဆရာတော်ဘုရားကြီး ခွဲစိတ်ဆောင်ကို ၀င်သွားတဲ့ပုံနှင့် ဆရာတော် ဘုရားကြီး ဆေးရုံလူနာတင် ကုတင်ပေါ်တွင် ကျန်ရှိနေတဲ့သွေးစက်တော်များပါ။

Credit To:

(သစ်ထူးလွင်)

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်