ဒီနေ့ ၁၄-၅-၂၀၁၃မုန်တိုင်းသတိပေးချက်
၂၀၁၃ခုနှစ်၊ မေလ(၁၄)ရက်နေ့မြန်မာစံတော်ချိန်(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်
မြန်မာစံတော်ချိန်(၁၈း၃၀)နာရီအချိန်တိုင်းထွာချက်- မြန်မာနိုင်ငံ
(စစ်တွေမြို့)၏ အနောက်တောင် ဘက်မိုင်(၅၁၀)ခန့်၊
ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၅၂၀)ခန့် ၊ကျောက်ဖြူမြို့၏
အနောက်တောင်ဘက်မိုင်(၅၂၀)ခန့်အိန္ဒိယနိုင်ငံ(ဗီဇာကာပတ္တနမ်မြို့)
၏အရှေ့တောင်ဘက်မိုင်(၂၄၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေ ပါသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြာက်ဘက်သို့ဆက်လက်
ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။ဆိုင်ကလုန်း မုန်တိုင်း၏
လက်ရှိ အခြေအနေမှာလိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီးမြန်မာနိုင်ငံ(ရခိုင်
ကမ်းရိုးတန်းမြောက်ပိုင်း)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသများ
ဆီသို့ ဦးတည်ရွေ့လျားနေသည့်အခြေအနေဖြစ်ပါသည်။
မုန်တိုင်းဗဟိုချက်အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိ
ရှိနိုင်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးမည်။မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး
လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် မုန်တိုင်း အန္တရာယ်ရှောင်ရှားရန် လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
သတင်းအစုံအလင် တွင်တွင် ဖတ်ရ mixgawli ဆိုက်မှ --
ReplyDeleteကျေးဇူးအများတင်ပါတယ် သားရေ--
သားပြောတဲ့အတိုင်း ဆရာမ ကူးသွားတယ်နော်-
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ