မဟာစင် မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်ကို စတင်တိုက်ခိုက်ပြီး လူတစ်ဦး သေ ဆုံးကြောင်း တာဝန်ရှိသူများက ပြောခဲ့တယ်လို့ BBC အင်္ဂလိပ် သတင်း မှာ ဖော်ပြထားပါတယ်။ ဒီ စာမျက်နှာ နဲ့ Yahoo မှာတော့ ၂ ဦး သေ ဆုံး ဆိုပြီး ဖော်ပြထားပါတယ်။
မောင်တောတွင် မုန်တိုင်း၏ သက်ရောက်မှုအဖြစ် နံနက် ၅ နာရီခန့်တွင်
လေပြင်းများ စတင်တိုက်ခတ်ခဲ့ပြီး ၆ နာရီ ခွဲတွင် မိုးခြိမ်းကာ
မိုးသက်လေပြင်း တိုက်ခတ်ခဲ့ကြောင်း၊ မနက် ၈ နာရီခွဲ အချိန်ခန့်တွင်မူ
မိုးရွာ သွန်း မှု ရပ်သွားခဲ့ပြီး ယခုလက်ရှိ အချိန်တွင် မိုးရွာသွန်းမှုနှင့်
လေပြင်းတိုက်မှုမရှိဘဲ ငြိမ်သက်နေ ကာ နေ ထွက် လာလိုက် မိုးကျလိုက်
အခြေအနေမျိုး ဖြစ်နေ ကြောင်း Eleven Media Group မှာ ဖော်ပြထား ပါ တယ်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေကိုတော့ အခု မုန်တိုင်းအရှိန် စရောက်နေပြီ။
စစ်တကောင်းက လေဒဏ် ပိုခံရလိမ့် မယ်။ မုန်တိုင်းဗဟိုချက်က ဒီနေ့(မေ ၁၆ ရက်)
ညနေပိုင်းလောက်မှာ စဖြတ်ပါလိမ့်မယ်'' ဟု Myanmar Climate Change Watch မှ
ဒေါက်တာထွန်းလွင်က မေလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၀န်းကျင်က ပြောကြား
သည်။
မုန်တိုင်း၏ အရှိန်ကြောင့် လက်ရှိတွင် ရခိုင်ပြည်နယ် မောင်တောနှင့် စစ်တွေ
ခရိုင်တို့တွင် မိုးရွာသွန်းမှု၊ လေ တိုက် ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
Global Disaster Alert and Coordination System မှ ခန့်မှန်း သက်ရောက်ရာဒေသ
ခန့်မှန်းမှုတွင် မေလ ၁၆ ရက်နေ့ နံနက်ပိုင်း၌ မြန်မာနိုင်ငံမှ
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ကိုလည်း အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားေ
ဒ့ရှ်နိုင် ငံတို့မှ ဒေသများနှင့်အတူ ထည့်သွင်းဖော်ပြထားသည်။
မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြေပြိုမှုများ ကြုံတွေ့နိုင်သည်ဟု AccuWeather က ခန့်မှန်း ထားသည်။
Eleven Media Group
ဓာတ်ပုံ- ယနေ့ နေ့လည် ၁ နာရီ မဟာစင်၏ အခြေအနေပြ ဓာတ်ပုံ
The storm hit Patuakhali district on Thursday with winds of up to 100
kph (60 mph), and was heading for the ports of Chittagong and Cox's
Bazar.
One person has been reported dead, Bangladeshi officials say.
Thousands of people have been ordered to evacuate low-lying areas in Bangladesh and Burma, and take shelter in cyclone centres.
However, some displaced people in Burma have resisted calls for them to evacuate camps in Rakhine state.
The United Nations has warned that 8.2m people could be at risk from Mahasen in Bangladesh, Burma and north-east India.
OE-
No comments:
Post a Comment