သီရိလင်္ကာ နိုင်ငံတွင် မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် ခုနစ်ဦးသေဆုံး၊ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ် ခံစားခဲ့ရ
15-5-2013
ကိုလံဘို မေ ၁၄
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် သီရိလင်္ကာ နိုင်ငံတွင် မေ ၁၄ ရက်က မိုး သည်းထန်စွာရွာသွန်းမှုဖြစ်ပွား ခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ် ခံစား ခဲ့ရကြောင်း အာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးကပြောကြားခဲ့သည်။ မဟာစင်အမည်ရှိ အဆိုပါ
မုန်တိုင်းကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး သစ်ပင်များပြိုလဲခဲ့သည့်အပြင် အရှေ့ဘက်နှင့် တောင် ဘက်ပိုင်း ပင်လယ်ကမ်းခြေတွင် ငါးဖမ်းသမားများ သောင်တင်လျက်ရှိသည်ဟုသိရသည်။
နိုင်ငံအတွင်း မေ ၁၃ ရက်က မုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ရာ
ခုနစ်ဦး သေဆုံးခဲ့ပြီး အခြားရှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၁၆၁၈ ဦးသည်
ရေကြီးမှုဒဏ်ကို ခံစားရလျက်ရှိကြောင်း သဘာဝ ဘေး အန္တရာယ် စီမံခန့်ခွဲရေးဌာန
(DMC)မှ ထုတ်ပြန်သော မှတ်တမ်းများ အရ သိရသည်။
From....မြ၀တီ
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
No comments:
Post a Comment