အနေထိုင်မတပ်တဲ့ ဝတ်မှုံရွှေရည်နဲ့  ပြေတီဦး ကို ယုံကြည်စိတ်ချတယ် လို့ပြောသူက အူဝဲ
 ဝေဖန်ရေးလုပ်တာလည်း မဟုတ်ဘူး..လေကန်တာလည်းမဟုတ်ဘူး...သတင်းဆို အမိအရတွယ်ချင်တာပဲရှိတယ်..ခုတလော
 အနုပညာ ရှင်တွေရဲ့ ဇာတ်လမ်းအရှုပ်တွေ တော်တော်လေး များတယ်ထင်တယ်...တစ်နေ့က 
မလေးရှားနိုင်ငံထုတ် ဂျာနယ်တစ်စောင်ကို ကောက်ဖက်မိတယ်...၀တ်မှုန်ရွှေည် နှင့် ပြေတီဦးတို့ နှစ်ယောက်ကို ဘာလိုလိုဆိုပြီးရေးသားထားတာဖက်ရတော့ တော်တော်လေး အံ့သြမိတယ်..
ပြေတီဦးမှာ လူကြားသူကြား ရှက်ကိုးရှက်ကန်းနဲ့ ၀တ်မှုန်ရွှေရည် 
စိတ်တိုင်းကျဖြစ်အောင် လုပ်ပေးနေရတယ်လို့ အနုပညာအသိုင်းအ၀ိုင်းမှာ သတင်းတွေ
 ပျံနေတယ်လို့ ဖေါ်ပြထားပါတယ်...ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ အူဝဲ က " ကျွန်မ သူ့ကို(ပြေတီဦး)နားလည်ပါတယ်...သူဟာ
 အိမ်ထောင်ရေးကို ဘယ်တော့မှ အမည်းစက်စွန်းအောင် မလုပ်ပါဘူး..အိမ်ထောင်ရှင် 
ကောင်းတစ်ယောက်ဆိုတာ ကျွန်မ ယုံကြည်တယ်" လို့ အဲဒီသတင်းတွေပတ်ပြီး 
ဖြေကြားထားပါတယ်....အနုပညာရပ်ဝန်းမှာ
 ဒီလိုသတင်းတွေ ထွက်တာ မဆန်းကြည်တော့ပေမယ့် ဒီသတင်းက 
နည်းနည်းဆန်းကြယ်နေတယ်လို့ ထင်မိတယ်....၀တ်မှုန်ရွှေရည် တစ်ယောက် 
အနုပညာလောကထဲမှာ အနုပညာနဲ့အတူ သူ့ရဲ့ နှလုံးသားအစုံကိုလည်း လေလံပစ်နေသလား 
ထင်ရလောက်အောင် ဟိုလူနဲ့ဘာလိုလို ..ဒီလူနဲ့လည်း ဘာလိုလို 
ဖြစ်နေတာကြောင့်ပါ.....ပြေတီဦးဆိုရင်လည်း အူဝဲနဲ့ မင်္ဂလာဆောင်ပြီး သမီးလေးတစ်ယောက်ကို မွေးထားတာ မကြာသေးပါဘူး..သူတို့မိသားစုက
 အခုမှ ပျော်ရွှင်တဲ့ မိသားစု တစ်ခုကို စကြမယ်ရှိသေးတယ် အခု ဒီသတင်းကြောင့် 
အူဝဲ နှင့် ပြေတီဦး ကြားမှာ ဘယ်အထိ အဖုအထစ်မရှိ လျှောက်လှမ်းနိုင်မလဲဆိုတာ 
ပရိတ်သက်တွေအနေနဲ့ စောင့်ကြည့်ရုံပဲရှိပါတော့တယ်.
 eainmatnantaw
ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်
ကိုချစ်လို့ယူထားတာပဲပုံအပ်ရတော့မှာပေါ့နော်အူဝဲ
ReplyDeleteဖြစ်တက်ပါတယ်
ReplyDelete