သတင်းအထွေထွေဖတ်ခြင်းသည်အကောင်းနှင့် အဆိုးအမြင်ဝေဖန်ခွဲခြားနိုင်ရန်ဖြစ်ပါသည်..

Thursday, 13 June 2013

အစိုးရနှင့်လက်တွဲကာဘိန်းနှင့်မူးယစ်တိုက်ဖျက်မည်ဟု ရွက်ဆစ်ပြောကြား


ရှမ်းပြည်နယ် အတွင်းဘိန်း နှင့် မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ RCSS / SSA တပ်မတော်အနေဖြင့် မြန်မာအစိုးရ တပ်မတော် နှင့် အတူ လက်တွဲ ဆောင်ရွက်သွားမည်ဟု RCSS / SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် အပစ်အခတ်ရပ်စဲရေးအား အစိုးရ နှင့် ဆောင်ရွက်ပြီး ဖြစ်သည့် အတွက် ဒေသဖွံ့ ဖြိုးရေး နှင့် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို


 ဆောင်ရွက်သွားတော့မည်ဖြစ်ပြီး ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို UNDOC နှင့်လက်တွဲ ၍ မိုးပန်နှင့် မိုးနဲ တွင် စံပြအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မူးယစ် သယ်ဆောင်ရောင်းဝယ်သူ များအပိုင်း ကို အစိုးရ တပ်မတော် အပါအ၀င် ကျန်အဖွဲ့အစည်း အားလုံးနှင့် လက်တွဲဆောင်ရွက် သွားမည်ဟု ၄င်းကဆိုသည်။

"အရင်က အစိုးရ နဲ့ ကျွန်တော်တို့ကြားက မူးယစ် တိုက်ဖျက်ရေးက စာရွက်ပေါ်မှာပဲရှိခဲ့တယ် ။ အခု အပစ်အခတ်ရပ်စဲ ပြီးနောက်ပိုင်း အစိုးရ ကလည်း ဒီကိစ္စကို တိုက်ဖျက်ဖို့ လိုလိုလားလား ရှိတဲ့ အတွက် ကျွန်တော်တို့က လက်တွဲပြီး ဆောင်ရွက်သွားမှာပါဟု" ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။

ယနေ့နံနက် ၁၁ နာရီ အချိန်က မရမ်းကုန်းမြို့နယ် ၊ မလိခလမ်းရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာ ရုံး UNODC နှင့် RCSS တို့ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ UNDOC ၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုး ဧက သောင်း နှင့်ချီ ရှိနေပြီး ဘိန်းစိုက်သူ အရေအတွက် မှာ တစ်သိန်း ကျော်ရှိကြောင်း သိရသည်။

သူရထွန်း
Popular Myanmar News Journal

No comments:

Post a Comment

နောက်ဆုံးရပို့ စ်၂၀စာတင်ထား၍ဖတ်လိုပါကRead more သို့ ခေါင်းစဉ်စာသို့ အိုင်ကွန်အရုပ်ကလေးအားကလစ်လိုက်ပါ

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

ဒီမှာတင်ပြီးသားနှင့် နောက်ဆုံးတင်ထားသောပို့ စ်အထွေထွေများစိတ်တိုင်းကျတစ်ခုခြင်းကလစ်၍ဖတ်နိုင်ပါတယ်